တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ ZPZG အဖွဲ့ ဖျက်သိမ်းလိုက်ပြီ

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ ZPZG အဖွဲ့ ဖျက်သိမ်းလိုက်ပြီ

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ ZPZG အဖွဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း J Star Entertainment အေဂျင်စီက ၎င်းတို့၏ တရားဝင် တွစ်တာအကောင့်မှ ထုတ်ပြန် ပြောကြား ခဲ့သည်။

“ဒါဟာ  J Star Entertainment  အေဂျင်စီရဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ ZPZG အဖွဲ့ကို ၂၀၁၆ ခုနှစ် မတ် ၃ ရက်မှာ ဖျက်သိမ်းလိုက်ပါပြီ။ ZPZG  နဲ့  J Star Entertainment  အေဂျင်စီအပေါ် အားပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ တိုးတတ်တဲ့ ပုံရိပ်ကို  ပြသဖို့ အလုပ်ကို ကြိုးစား လုပ်သွားမှာပါ” ဟု အေဂျင်စီက ပြောကြားသည်။

ZPZG သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ပွဲဦးထွက် တင်ဆက်ခဲ့ကြောင်းနှင့် ကန်၊  N.K ၊  Gyeom နှင့် ဂျီဟွန်းတို့ လေးဦးဖြင့် ဖွဲ့စည်းထားသည်။

ZPZG အဖွဲ့ဝင်များ ၎င်းတို့၏ ဘဝစာမျက်နှာသစ်ကို လုပ်ဆောင်ရာတွင် ကံကောင်းပါစေဟု ဆန္ဒပြုပါကြောင်း အေဂျင်စီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly