ဒေးဗစ်ဟာဆဲလ်ဟော့ဖ် “Baywatch” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

ဒေးဗစ်ဟာဆဲလ်ဟော့ဖ် “Baywatch” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

ဟောလီးဝုဒ်မင်းသားကြီး ဒေးဗစ်ဟာဆဲလ်ဟော့ဖ်သည် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် ပါဝင် သရုပ်ဆောင်မှုကို အဆုံးသတ်ခဲ့ပြီးနောက် ၁၅ နှစ်အကြာ “Baywatch” ရုပ်ရှင်ကားသစ်တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

မင်းသား ဒေါင်းနေဂျွန်ဆင်က ဒေးဗစ် သရုပ်ဆောင်သွားမည့် သတင်းနှင့် “Baywatch” ရုပ်ရှင် ကားသစ်နှင့် စပ်လျဉ်း၍ နောက်ဆုံးရသတင်းများကို  Instagram တွင် ထုတ်ဖော်ပြသခဲ့သည်။

ဒေးဗစ်သည် ၁၉၈၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်ကြားက ရိုက်ကူးခဲ့သော “Baywatch” ရုပ်ရှင်တွင် လော့စ်အိန်ဂျလိစ် သက်တော်စောင့် မစ်ရှ်ဘက်ဟန်နွန်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဇာတ်လမ်းတွဲများ ကိုလည်း ထုတ်လုပ်ခဲ့သည်။

“Baywatch” ရုပ်ရှင်ကားသစ်တွင် ဇက်အက်ဖ်ရွန်၊ အဲလက်ဇန်းဒါးဒက်ဒါရီအို၊ ကီလီရော့ဘက် ရှ်၊ ပရီယန်ကာချော့ပ်ရာနှင့် ဟန်နီဘဲလ်ဘရက်စ်တို့ ပါဝင် သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ ဆက်ဂေါ်ဒန်က ရုပ်ရှင်ကားကို ရိုက်ကူးသွားမည်ဖြစ်ပြီး ဒါမီအန်ရှာနွန်နှင့် မက်ခ်ဆွဇ်တို့က ဇာတ်ညွှန်း ရေးသားခဲ့သည်။

ဒေါင်းနေဂျွန်ဆင်သည် “Baywatch” ရုပ်ရှင်ကား ရိုက်ကူးမှုမှ ဓာတ်ပုံများကို Instagram တွင် တင်ခဲ့သည်။ “Baywactch” ရုပ်ရှင်ကားသည် လော့စ်အိန်ဂျလိစ်မြို့ရှိ မာလီဘူကမ်းခြေရှိ သက်တော် စောင့်များအကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly