'OneLove' ကမ္ဘာ့ဖလားလက်ပတ်ကို ဝတ်ဆင်တော့မှာမဟုတ်ဘူးလို့ ဥရောပအသင်းတွေ ပြော

'OneLove' ကမ္ဘာ့ဖလားလက်ပတ်ကို ဝတ်ဆင်တော့မှာမဟုတ်ဘူးလို့ ဥရောပအသင်းတွေ ပြော

အင်္ဂလန်၊ ဂျာမနီနှင့် တခြားဥရောပအသင်းငါးသင်းတို့ဟာ ဖီဖာရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အန္တရာယ်ပေးမှုကို ကိုးကားပြီး ကမ္ဘာ့ဖလားမှာ LGBTQ အခွင့်အရေးကို ထောက်ခံရပ်တည်မှုအတွက် သက်တံရောင်လက်ပတ်ကို ဝတ်ဆင်ဖို့ အစီအစဉ်ကို တနင်္လာနေ့က စွန့်လွှတ်ခဲ့ပါတယ်။

“ကျနော်တို့ အသင်းခေါင်းဆောင်တွေ ကစားကွင်းမှာ လက်ပတ်တွေ ဝတ်ထားရင် အားကစားဆိုင်ရာ ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ ဖီဖာက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်”လို့ သူတို့က ပူးတွဲထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဖီဖာ စည်းမျဉ်းအရ ဘောလုံးအဖွဲ့ချုပ်က ခွင့်မပြုတဲ့ လက်ပတ်ဝတ် ကစားသမားတွေကို အဝါကတ်ပြနိုင်ပါတယ်။

တကယ်လို့ ဒီကစားသမားဟာ ဒုတိယအဝါကတ်ပြသခံရရင် သူတို့ကို ထုတ်ပယ်မှာဖြစ်ပါတယ်။

အားလုံးပါဝင်နိုင်စေဖို့ လှုံ့ဆော်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ ဂျာမနီအသင်းခေါင်းဆောင် နူအာတို့လို သူတွေက စီစဉ်ထုတ်ထားတဲ့ "OneLove" လက်ပတ်ကို သတိပေးရာ ရောက်ပါတယ်။

လိင်တူဆက်ဆံမှုတရားမဝင်တဲ့ အိမ်ရှင် ကာတာနိုင်ငံမှာ ဥပဒေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် လက်ပတ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြပါတယ်။

"နိုင်ငံအဖွဲ့ချုပ်တွေအနေနဲ့ ကျနော်တို့ ကစားသမားတွေကို ပွဲပယ်တာတွေအပါအဝင် အားကစားဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားမှာ မထားနိုင်ဘူး၊ ဒါကြောင့် ဖီဖာကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ လက်ပတ်မဝတ်ဖို့ အသင်းခေါင်းဆောင်တွေကို ကျနော်တို့တွေ တောင်းဆိုထားပါတယ်"လို့ အင်္ဂလန်၊ ဝေးလ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဆွစ်ဇာလန် ဘောလုံးအဖွဲ့ချုပ်တွေက ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly