တရုတ်သမ္မတနှင့် အမေရိကန်ဒုသမ္မတတို့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားရေး ဆွေးနွေး

တရုတ်သမ္မတနှင့် အမေရိကန်ဒုသမ္မတတို့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားရေး ဆွေးနွေး

တရုတ်သမ္မတရှီကျင့်ဖျင်သည် တင်းမာမှုများထိန်းသိမ်းရန် ရည်ရွယ်လျက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အကျယ်တဝင့်ဆွေးနွေးပြီးနောက် နိုဝင်ဘာ ၁၉ ရက်က ရှီနှင့် အမေရိကန်ဒုသမ္မတို့တ ခဏတာတွေ့ဆုံရာတွင် ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ထားရေး ဆွေးနွေးခဲ့ကြသည်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်၏ သီးသန့်အစည်းအဝေး၌ ရှီနှင့် တွေ့ဆုံရာတွင် ဟဲရစ်က နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုများကို တာဝန်သိစွာဖြင့် စီမံခန့်ခွဲရန် ပွင့်လင်းသော ဆက်သွယ်ရေး လမ်းကြောင်းထားရှိရမည်ဟူသော ဘိုင်ဒင်၏ ပြောကြားချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။

ဘိုင်ဒင်နှင့်ရှီတို့သည် နိုဝင်ဘာ ၁၄ ရက်က ဘာလီတွင် ပြုလုပ်သည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံမှ ခေါင်းဆောင်များအကြား သမ္မတ တာဝန်ယူပြီး နောက် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် လာမည့်နှစ်အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး ရှီနှင့် ဘိုင်ဒင်တို့က သဘောတူညီခဲ့ကြပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ ပထမဆုံးလာရောက်လည်ပတ်မှုဖြစ်မည်ဖြစ်သည်။

ဆက်သွယ်ချိတ်မှုသည် ပြိုင်ဆိုင်မှုအား ပဋိပက္ခအဖြစ်သို့ မရောက်ရှိစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ကမ္ဘာ့စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ဆန်းစစ်ရန် ရည်ရွယ်ထားကြောင်း ဘလင်ကန်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေသတွင်းနှင့် ကမ္ဘာကို မတည်မငြိမ်ဖြစ်စေသည့် ရန်စသောလမ်းကြောင်းပေါ်သို့ မြောက်ကိုရီးယား မရောက်ရှိစေရန် တရုတ်အနေဖြင့် ၎င်း၏ဩဇာအာဏာကို အသုံးပြုသင့်သည်ဟု ဟဲရစ်ခရီးစဉ်နှင့်အတူ ပါလာသော အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆက်ဆံရေးများ မပြောင်းလဲပါက ဆန်ဖရန်စစ္စကိုတွင် အမေရိကန်က နောက်နှစ်တွင် လက်ခံကျင်းပမည့် APEC အစည်းအဝေးတွင် ရှီသည် ဘိုင်ဒင်နှင့်တွေ့ဆုံဦးမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required