တရုတ်နိုင်ငံတွင် စောင့်ကြည့်ထိန်းချုပ်မှုများ ကျယ်ပြန့်စွာလုပ်ဆောင်သော်လည်း ဆန္ဒပြမှုများ နေ့စဉ် ဖြစ်ပွားနေ

တရုတ်နိုင်ငံတွင် စောင့်ကြည့်ထိန်းချုပ်မှုများ ကျယ်ပြန့်စွာလုပ်ဆောင်သော်လည်း ဆန္ဒပြမှုများ နေ့စဉ် ဖြစ်ပွားနေ

တရုတ်နိုင်ငံတွင် တည်ငြိမ်မှုထိန်းသိမ်းရေးအစီအစဉ်ဖြင့် ဆန္ဒပြမှုများကို နှိပ်ကွပ်သော်လည်း ပြည်သူများသည် အာဏာရှိသူများကို မကြာခဏစိန်ခေါ်ကြောင်း အမေရိကန်အခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့ Freedom House က ဖော်ပြသည်။

နေရာအနှံ့စောင့်ကြည့်မှု၊ ရပ်ကွက်များတွင် နေရာအပိုင်းအခြားအလိုက် လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြည့် စနစ်နှင့် တည်ငြိမ်မှုထိန်းသိမ်းရေးစနစ်များသည် တရုတ်ကွန်မြူနစ်ပါတီအား ဝေဖန်သူများကို ထိန်းချုပ်ရန် ရည်ရွယ်သော်လည်း ဇွန်လနှင့်စက်တင်ဘာလအတွင်းမှာပင် လူထုဆန္ဒပြမှုဖြစ်ရပ် ရာပေါင်းများစွာ တွေ့ရသည်။

မကြာသေးမီက အွန်လိုင်းသတင်းများကို ဆင်ဆာဖြတ်တောက်သည့် လှုပ်ရှားမှုများအပါအဝင် လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်မှုများနှင့် လုံခြုံရေးဥပဒေအချို့တို့က သဘောထားကွဲလွဲမှု အတွက် အန္တရာယ်ဖြစ်စေသလို စနစ်အရ အခက်အခဲဖြစ်စေသည်။

တရုတ်သဘောထားကွဲလွဲမှုစောင့်ကြည့်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ၄ လအတွင်းတွင် တရုတ်ပြည်မကြီး၌ ဆန္ဒပြမှုနှင့် တခြားသဘောထားကွဲလွဲမှုဖြစ်ရပ်ပေါင်း ၆၆၈ ခု တွေ့ရှိခဲ့သည်။

ဆန္ဒဖော်ထုတ်မှုများ၊ ချီတက်မှုများနှင့် လမ်းများကို ပိတ်ဆို့ခြင်းက အဆိုပါဆန္ဒပြမှုများ၏ ၄ ပုံ ၃ ပုံကျော်ခန့်ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်အကိုင်နှင့်ပတ်သက်မှု ၊ သပိတ်မှောက်မှု၊ ဆန္ဒပြစာသားရေးသားထားသောနဖူးစည်းစာတန်းနှင့် ဂရပ်ဖီတီရေးဆွဲမှုအပါအဝင် ဟက်ရှ်တက်လှုပ်ရှားမှုနှင့်လူသိများသောပို့စ်စသည့် အွန်လိုင်းပေါ်၌ သဘောထားကွဲလွဲမှုစသော သဘောထားကွဲလွဲမှုပုံစံအများအပြားကိုတွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့မြောက်ပိုင်း ရှီအန်းမြို့ရှိ Kid Castle နေ့ကလေးထိန်းကျောင်းတွင် ကလေးများအစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် ရာနှင့်ချီသော မိဘများဆန္ဒပြမှုနှင့် အရှေ့ပိုင်းဟန်ကျိုးမြို့တွင် ဆောက်လက်စ တိုက်ခန်းပိုင်ရှင်များက အိမ်ခြံမြေကုမ္ပဏီများအား ဆန္ဒပြမှုများကိုလည်း အစီရင်ခံစာ၌ မှတ်တမ်းတင်ထားသည်။

မြောက်ပိုင်း ဟဲပေပြည်နယ်မှ နေထိုင်သူများသည် ၎င်းတို့ကျေးရွာကို ဖြတ်၍ လမ်းသစ်ဖောက်မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အရှေ့မြောက်ပိုင်း ရှန်ယန်းမြို့ရှိ ဆောက်လုပ်ရေးလုပ်သားများက အိမ်ရာ ဆောက်လုပ်ရေးကုမ္ပဏီထံမှ မရရှိသေးသော လုပ်ခလစာများကို တောင်းဆိုရန် လူနေ အဆောက်အအုံပေါ်မှ စာတန်းများချိတ်ဆွဲခဲ့ကြသည်။ ဆန္ဒပြမှုအများအပြားမှ တရုတ်ရဲများ၏ အကြမ်းဖက်နှိမ်နင်းမှုကို ခံခဲ့ရကြသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly