ကမ္ဘာ့ဖလားဝေဖန်သူတွေကို 'အရေခြုံဟန်ဆောင်မှု'ဖြစ်တယ်လို့ ဖီဖာရဲ့ အင်ဖန်တီနို စွပ်စွဲ

ကမ္ဘာ့ဖလားဝေဖန်သူတွေကို 'အရေခြုံဟန်ဆောင်မှု'ဖြစ်တယ်လို့ ဖီဖာရဲ့ အင်ဖန်တီနို စွပ်စွဲ

(ADDS fresh quotes)

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းအပေါ် ဝေဖန်ပြစ်တင်မှုကို စနေနေ့က ပြန်လည်တုံ့ပြန်ခဲ့ပြီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ စတင်မယ့် အကြိုနေ့မှာ အနောက်တိုင်းဝေဖန်သူတွေရဲ့ "အရေခြုံဟန်ဆောင်မှု"ကို ရှုတ်ချခဲ့ပါတယ်။

အင်ဖန်တီနိုက ဒိုဟာမှာ ပြိုင်ပွဲရဲ့ သူ့ရဲ့အဖွင့်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုရင်း LGBTQ အသိုင်းအဝိုင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထောက်ခံတယ်လို့ ဖော်ပြခဲ့ပါတယ်။

"ဒီကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာပေးတာက တစ်ဖက်သတ် အရေခြုံဟန်ဆောင်မှုမျှသာဖြစ်တယ်"လို့ ဆွစ်နိုင်ငံသား အင်ဖန်တီနိုက ပြောပါတယ်။

"ကျနော် ခင်ဗျာကို ဘဝရဲ့ ဘာသင်ခန်းစာတွေကိုမှ မပေးချင်ဘူး။ ဒါပေမယ့် ဒီမှာ ဖြစ်ပျက်နေတာတွေက အလွန့်အလွန် မတရားဘူး"

သူက "ကျနော်တို့ ဥရောပသားတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လုံးလုံး လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ကျနော်တို့ဟာ ပြည်သူတွေကို ကိုယ်ကျင့်တရား သင်ခန်းစာတွေ မသင်ပေးခင် နောက်ထပ် အနှစ် ၃၀၀၀ အတွက် တောင်းပန်သင့်ပါတယ်" လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံက ပြိုင်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အမျိုးသမီးတွေနဲ့ LGBTQ အသိုင်းအဝိုင်းနဲ့ပတ်သက်လို့ ကာတာရဲ့ဆက်ဆံပုံအပေါ် စိုးရိမ်မှုတွေက လွှမ်းမိုးထားပါတယ်။

အင်ဖန်တီနိုက ဒီအသိုင်းအဝိုင်းကို ထောက်ခံတယ်လို့ ဖော်ပြခဲ့ပါတယ်။

“ဒီနေ့ ကာတာနိုင်ငံသားလို့ ကျနော် ခံစားရတယ်၊ ဒီနေ့ အာရပ်လို့ ခံစားရတယ်၊ ဒီနေ့ အာဖရိကန်လို့ ခံစားရတယ်၊ ဒီနေ့ လိင်တူချစ်သူလို့ ခံစားရတယ်၊ ဒီနေ့ မသန်စွမ်းလို့ ခံစားရတယ်၊ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားလို့ ကျနော် ခံစားရတယ်”လို့ သူက ပြောပါတယ်။

ကာတာတာဝန်ရှိသူတွေက သူတို့နိုင်ငံဟာ "လူမျိုးရေးခွဲခြားမှု"နဲ့ “double standards (မတူကွဲပြားသည့် အုပ်စုများ သို့မဟုတ် လူများကို မတူညီသော နည်းလမ်းများဖြင့် မတရားကျင့်သုံးနေသည့် စည်းမျဉ်း)”ရဲ့ ပစ်မှတ်ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့က ပင်လယ်ကွေ့ဒေသမှာ အထူးခြားဆုံးအဖြစ် ချီးကျူးခံရတဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ ဘေးကင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ထောက်ပြပါတယ်။

အိမ်ရှင်နိုင်ငံ ကာတာဟာ အီကွေဒေါအသင်းနဲ့ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားချိန် တနင်္ဂနွေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ပြီဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required