ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်နဲ့ ပတ်သက်လို့ 'ဒဏ်ကြေးပေးဆောင်ဖို့ ဂျာမနီ အဆင်သင့်ဖြစ်'

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်နဲ့ ပတ်သက်လို့ 'ဒဏ်ကြေးပေးဆောင်ဖို့ ဂျာမနီ အဆင်သင့်ဖြစ်'
ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB ) ဥက္ကဋ္ဌ Bernd Neuendorf (Photo: EPA)

ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB ) ဥက္ကဋ္ဌ Bernd Neuendorf က အဖွဲ့အစည်းဟာ ကာတာနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရပ်တည်မှုအတွက် ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သောကြာနေ့က ပြောပါတယ်။

တနင်္ဂနွေနေ့မှာ စတင်မယ့် ပြိုင်ပွဲမှာ ဖီဖာရဲ့ ထုတ်ပြန်ချက်တွေကြောင့် DFB အကြီးအကဲ Neuendorf က သူဟာ ဒါကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလအစောပိုင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အသင်း ၃၂ သင်းကို "ဘောလုံးကို အာရုံစိုက်"ဖို့နဲ့ အယူဝါဒဆိုင်ရာ တိုက်ပွဲတွေကို ရှောင်ရှားဖို့ ပြောကြားခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ၊ အမျိုးသမီးတွေနဲ့ LGBTQ အသိုင်းအဝိုင်းနဲ့ပတ်သက်လို့ ပင်လယ်ကွေ့နိုင်ငံရဲ့ ဆက်ဆံမှုအပေါ် စိုးရိမ်မှုတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို လွှမ်းမိုးထားပါတယ်။

Neuendorf က သူဟာ လူ့အခွင့်အရေးကို ထောက်ခံတဲ့အနေနဲ့  "နောက်ထပ် လုပ်ရပ်တွေကို မငြင်းဆန်လိုဘူး"လို့ ပြောပါတယ်။

ကပ္ပတိန် နူအာဟာ တခြားဥရောပအသင်းများစွာက အသင်းခေါင်းဆောင်တွေနဲ့အတူ ကွဲပြားမှုနဲ့ ပါဝင်မှုကို မြှင့်တင်ဖို့အတွက် "One Love" လက်ပတ်ကို ဝတ်ဆင်ဖို့ ကတိပြုထားပြီး၊ ဒါကို ဖီဖာက အရေးယူမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ Neuendorf က ပြောပါတယ်။

လက်ပတ်ကို ဝတ်ဆင်တာဟာ "နိုင်ငံရေး ကြေညာချက် မဟုတ်ပေမယ့် လူ့အခွင့်အရေးအတွက် ထောက်ခံတဲ့ ထုတ်ဖော်ကြညာချက်ဖြစ်တယ်"လို့ သူက ပြောပါတယ်။

“ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ရှိခဲ့ရင် ဒဏ်ကြေးပေးဆောင်ဖို့ ပုဂ္ဂိုလ်ရေးအရ အဆင်သင့်ဖြစ်နေပါပြီ”လို့ သူက ဆိုပါတယ်။

ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တတိယသက်တမ်းအတွက် ကန့်ကွက်မှုမရှိဘဲ အရွေးခံရတဲ့ အင်ဖန်တီနိုရဲ့  ပြည်လည်ရွေးကောက်ခံရတာကို DFB က ထောက်ခံမှာမဟုတ်ဘူးလို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အချက်ပြဖို့ ပေးပို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။ "ကမ္ဘာ့ဖလားကြောင့် လူ့အခွင့်အရေးကို အာရုံမစိုက်သင့်ဘူးဆိုတဲ့ သူ့ရဲ့ (အင်ဖန်တီနို) ရဲ့ ပြောဆိုထုတ်ပြန်ချက်ဟာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။"

လေးကြိမ်ဗိုလ်စွဲထားတဲ့ ဂျာမနီအသင်းဟာ သူတို့ရဲ့ ပထမဆုံးပွဲအဖြစ် နိုဝင်ဘာ ၂၃ ရက်မှာ ဂျပန်အသင်းနှင့် ကစားရမှာ ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly