ထိုင်ဝမ်က တရုတ်ကို ပိုမိုအားကောင်းစွာ ဆန့်ကျင်နိုင်ရန် အမေရိကန်ကွန်ဂရက်အကြံပေးကော်မတီက ရန်ပုံငွေ ထပ်မံတောင်းဆို

ထိုင်ဝမ်က တရုတ်ကို ပိုမိုအားကောင်းစွာ ဆန့်ကျင်နိုင်ရန် အမေရိကန်ကွန်ဂရက်အကြံပေးကော်မတီက ရန်ပုံငွေ ထပ်မံတောင်းဆို

ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများမြင့်တက်နေချိန်တွင် တရုတ်၏ရန်လိုမှုကို ရင်ဆိုင်နေရသော ထိုင်ဝမ်၏ လုံခြုံရေးကို မြှင့်တင်ရန် နှစ်ရှည်ကာကွယ်ရေးရန်ပုံငွေနှင့် အခြားယန္တရားများ ထပ်မံကူညီကြရန် အမေရိကန်ကွန်ဂရက်လွှတ်တော် အကြံပေးကော်မတီက တောင်းဆိုလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က တိုက်ပွဲအစစ်ပုံစံအတွက် ပြင်ဆင်လေ့ကျင့်ကြရန် စစ်တပ်ကို ညွှန်ကြားခဲ့ပြီးနောက် ယခုတောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်ဝမ်ကို စစ်ရေးတုံ့ပြန်မှုလုပ်ဆောင်ပါက တရုတ်နိုင်ငံအပေါ် ချမှတ်မည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြင်ဆင်ရေးအတွက် အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းကြရန်လည်း အမေရိကန်ကွန်ဂရက် အကြံပေးကော်မတီက တောင်းဆိုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ထိုးစစ်ဆင်မှုကို ဟန့်တားရန် အစီအမံများ လိုအပ်မည်ဖြစ်ကြောင်း အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင် (USCC) ၏ နိုဝင်ဘာ ၁၅ ရက်ထုတ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုင်ဝမ်အနေဖြင့် စစ်ပွဲအတွက်အကောင်းဆုံးပြင်ဆင်နိုင်စေရန် ပူးတွဲစီမံကိန်းယန္တရားကို ဖော်ဆောင်ရန်နှင့် ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန်လည်း အကြံပြုထားသည်။

တရုတ်နိုင်ငံသည် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ အကျပ်ကိုင်မှုများဖြင့် ထိုင်ဝမ်အား အဆက်ဖြတ်ရန် ရည်ရွယ်ထားကြောင် USCC အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်သည် ထိုင်ဝမ်အား ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို မည်သည့်နည်းဖြင့်မဆို လက်ခံရေး တွန်းအားပေးရန် ရည်ရွယ်ထားသည်ဟု Geo-Politik သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်နှင့်ပဋိပက္ခတွင် အောင်မြင်မှုရစေရေးအတွက် အမေရိကန်နှင့်ထိုင်ဝမ်သည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်လိမ့်မည်ဟု USCC ကဆိုသည်။ တရုတ်သည် ထိုဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ရည်မှန်းချက်များအောင်မြင်ရန် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှ သင်ခန်းစာယူလျက်ရှိသည်။

ယူကရိန်းကို ရုရှားကျုးကျော်မှုသည် နိုင်ငံတကာအသိုက်အဝန်းကို တုန်လှုပ်စေပြီး ထိုင်ဝမ်ကို တရုတ်ကျူးကျော်မည့်အလားအလာအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်ဟု USCC နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required