ကမ္ဘာ့ဖလားကွင်းတွေမှာ ဘီယာ ပိတ်ပင်ခံရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ပရိသတ်ထုကြီး

ကမ္ဘာ့ဖလားကွင်းတွေမှာ ဘီယာ ပိတ်ပင်ခံရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ပရိသတ်ထုကြီး
Photo: EPA

ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ နှစ်ရက်အလို သောကြာနေ့က ပွဲစီစဉ်သူတွေက အားကစားကွင်းတွေမှာ ဘီယာမရောင်းချရ အမိန့်ပေး ပိတ်ပင်ခဲ့ပြီးနောက် ကာတာနိုင်ငံက ကမ္ဘာ့ဖလား ဘောလုံးပရိသတ်တွေ ရင်တထိတ်ထိတ်ဖြစ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးကွင်း ရှစ်ခု အနီးတစ်ဝိုက်မှာ ဘီယာရောင်းချမှု ရပ်နားဖို့ နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်ကို ကာတာရဲ့ အုပ်ချုပ်သူ တော်ဝင်မိသားစု အမိန့်တွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်ရှိ အီကွေဒေါ ပရိသတ် ဒိုင်ယာနာက သူမဟာ အိမ်ရှင် ကာတာနဲ့ သူမရဲ့နိုင်ငံတို့ ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မတိုင်ခင် သောက်ချင်တာကြောင့် အခုလိုတားမြစ်ခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ AFP ကို ပြောပါတယ်။

"ဒါက တော်တော် စိတ်မကောင်းစရာပဲ၊ ဒီရာသီဥတုနဲ့ ကျမတို့မှာ စိတ်လှုပ်ရှားစရာတွေ ရှိလို့ ဘီယာ အနည်းဆုံး တစ်ကြိမ်လောက်တော့ သောက်ချင်တယ်"လို့ သူမက ဆိုပါတယ်။

သူမနဲ့ နိုင်ငံတူ အသက် ၂၂ နှစ်အရွယ် Amelia က သူမရဲ့နိုင်ငံပွဲစဉ်တွေမှာ အရက်မသောက်ရလို့ "ဒါဟာ ယဉ်ကျေးမှုဆိုင်ရာ ရှော့ခ်တစ်ခုလိုဖြစ်တယ်"လို့ ပြောပါတယ်။

“ဒါကို ကမ္ဘာ့နိုင်ငံအများစုမှာ တားမြစ်ထားတာ မဟုတ်ပါဘူး”လို့ သူမက ဆက်ပြောပါတယ်။ "ဒါပေမယ့် ကျမတို့က သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ စည်းမျဉ်းတွေကို လေးစားရမယ်။"

ကာတာနိုင်ငံဟာ အရက်သောက်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံဖြစ်ပြီး ဒိုဟာရှိ ဒေသခံတွေကြား၊ တခြားသော လူထုနေထိုင်မှုနဲ့ တုံ့ပြန်မှု ရောထွေးနေပါတယ်။

"ကမ္ဘာတစ်ဝှမ်းက လူတွေအများကြီး ဒီကိုလာနေကြသလိုဖြစ်လို့ ဒါကို ခွင့်ပြုသင့်တယ်လို့ ထင်တယ်" လို့ အသက် ၂၆ နှစ်အရွယ် Ayu Whazir က ပြောပါတယ်။

"ပြီးတော့ အရင်က ဖီဖာက အရက်ကို လူသိရှင်ကြား ရောင်းချနေတာ ခင်ဗျာ သိပါတယ်။"

ဒါပေမယ့်လည်း အသက် ၂၀ နှစ်အရွယ် Hashem Walid ဟာ နိုင်ငံကို လာရောက်လည်ပတ်မယ့် မျှော်လင့်ရတဲ့ ပရိသတ်တစ်သန်းခန့်ကို ပွဲမစမီနဲ့ ပွဲအပြီးမှာ ထုံးစံအတိုင်း စိတ်လှုပ်ရှားဖို့ ထိတွေ့မှုမပေးနိုင်တော့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။

"အင်္ဂလိပ်ပရိသတ်တွေ သိပ်ပျော်မှာမဟုတ်ဘူးဆိုတာ ကျနော် သိတယ်၊ ဒါပေမယ့် ခင်ဗျား ဘဝမှာ ခင်ဗျား လိုချင်တာမှန်သမျှ မရနိုင်ဘူးလေ၊ ဒါကြောင့် ဆောရီးပါ။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly