ကာတာကမ္ဘာ့ဖလား အားကစားကွင်းတွေ ပတ်လည်ဝန်းကျင်မှာ ဘီယာရောင်းချမှု တားမြစ်ကြောင်း ဖီဖာ ထုတ်ပြန်

ကာတာကမ္ဘာ့ဖလား အားကစားကွင်းတွေ ပတ်လည်ဝန်းကျင်မှာ ဘီယာရောင်းချမှု တားမြစ်ကြောင်း ဖီဖာ ထုတ်ပြန်

ဖီဖာနဲ့ ကာတာတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ နှစ်ရက်အလိုမှာ အံ့အားသင့်စရာ မူဝါဒ အကွေ့အပြောင်းနဲ့ အားကစားကွင်း ရှစ်ခု ပတ်လည်ဝန်ကျင်းမှာ ဘီယာမရောင်းချဖို့ သောကြာနေ့မှာ တားမြစ်ပိတ်ပင်လိုက်ပါတယ်။

အရက်သေစာသောက်သုံးမှုကို ပြင်းထန်စွာ တားမြစ်တဲ့ အစ္စလာမ္မစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာဖလားအိမ်ရှင် ကာတာနိုင်ငံနဲ့ "ဆွေးနွေးမှုတွေ"အပြီးမှာ အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ဒါပေမယ့် အံ့အားသင့်စရာ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်မရှိပါဘူး။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ “ကာတာနိုင်ငံရဲ့ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား အားကစားကွင်း ပတ်လည်အတိုင်းအတာမှ ဘီယာရောင်းချတဲ့ နေရာတွေကို ဖယ်ရှားပြီး" ပရိတ်သတ်ဇုန်တွေမှာ အရက်ကို အဓိကထားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကာတာနဲ့ အီကွေဒေါတို့ကြား တနင်္ဂနွေနေ့ ပထမဆုံးအဖွင့်ပွဲမစခင် အားကစားကွင်းတွေမှာ ဘီယာတဲ ဒါဇင်ပေါင်းများစွာကို တပ်ဆင်ထားရှိပြီးဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ၂၉ ရက်ကြာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ပရိသတ် တစ်သန်းကျော် လာရောက်မယ်လို့ ခန့်မှန်းထားပြီး ဖီဖာဟာ ကာလကြာရှည် စပွန်ဆာပေးတဲ့ AB InBev ပိုင် အဓိက ဘီယာထုတ်လုပ်သူ Budweiser နဲ့  သဘောတူညီချက် ရရှိထားပါတယ်။

"၂၀၂၂ ကာတာ ဖီဖာကမ္ဘာ့ဖလားမှာ လူတိုင်းကို ဖြည့်ဆည်းပေးဖို့အတွက် AB InBev ရဲ့ နားလည်ပေးမှုနဲ့ ကျနော်တို့ရဲ့ ပူးတွဲကတိကဝတ်ကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုတွေအတွက် ပြိုင်ပွဲစီစဉ်သူတွေက ကျေးဇူးတင်ရှိပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒိုဟာရှိ အဓိက ဖီဖာပရိသတ်ဇုန်၊ သီးသန့်ပရိသတ်ဇုန်တချို့တွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်ဘား ၃၅ ခုခန့်နဲ့ အားကစားကွင်းတွေမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ရောင်းချတဲ့ VIP suites တွေမှာ ဘီယာကို ဆက်လက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly