Play Station ဂိမ်းထဲကကဲ့သို့ ဂိုးသွင်းယူရန် အိပ်မက် မက်နေသည့် စီရော်နယ်ဒို

Play Station ဂိမ်းထဲကကဲ့သို့ ဂိုးသွင်းယူရန် အိပ်မက် မက်နေသည့် စီရော်နယ်ဒို

မက်ဒရစ်၊ မတ် ၄ ။             ။ ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးများစွာသွင်းယူပေးနေသည့် စီရော်နယ်ဒိုက PlayStation ဂိမ်းထဲက ကဲ့သို့ ဂိုးသွင်းယူလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

စီရော်နယ်ဒိုက 'ပြိုင်ဘက်ကစားသမား ၁၁ ယောက်လုံးကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူလိုပါတယ်' ဟု ဆိုသည်။ ထိုကဲ့သို့ ဂိုးသွင်းယူရန်မှာ လက်တွေ့တွင် မဖြစ်နိုင်သော်လည်း ၎င်းအနေဖြင့် ထိုကဲ့သို့  အိပ်မက်ဆန်သည့်ဂိုးမျိုး သွင်းယူနိုင်မည် မဟုတ်ဟု စီရော်နယ်ဒိုက ငြင်းဆန်ခြင်း မပြုခဲ့ပေ။

'တစ်နေ့မှာ ဒီလိုဂိုးမျိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အားလုံး မြင်တွေ့ရမှာပါ' ဟု စီရော်နယ်ဒိုက ဆိုသည်။

စီရော်နယ်ဒိုသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံသွင်းဂိုး ၃၅ ဂိုးသွင်းယူပေးထားသည်။ ရီးယဲလ်အတွက် ခြေစွမ်းပြဂိုးများသွင်းယူနေသော်လည်း အသင်းပိုင်ရှင် ပီရက်ဇ်နှင့် နည်းပြ ဇီဒန်းတို့၏ အရောင်းစာရင်းတွင် စီရော်နယ်ဒိုလည်း ပါဝင်နေကြောင်း ကောလာဟလ သတင်းများထွက်ပေါ်နေသည်။

ရီးယဲလ်အသင်းသည် အသင်းကို သွေးသစ်လောင်းရန်အတွက် စီရော်နယ်ဒို၊ ရာမို့စ်၊ တိုနီခရုစ်၊ အာဘီလိုအာ၊ အစ္စကို စသည့်ကစားသမားများအပါအဝင် ကစားသမား ၁၀ ဦးကို အရောင်းစာရင်း တင်ရန် ပြင်ဆင်နေသည်ဟု စပိန်သတင်းစာ sport က ဖော်ပြသွားခဲ့သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly