စစ်သွေးကြွများအတွက် စစ်ယူနီဖောင်း ၂၀,၀၀၀ ခန့်ကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

စစ်သွေးကြွများအတွက် စစ်ယူနီဖောင်း ၂၀,၀၀၀ ခန့်ကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

မက်ဒရစ်၊ မတ်  ၄ ။              ။ ဆီးရီးယားနှင့် အီရတ်တွင် တိုက်ခိုက်နေသည့် စစ်သွေးကြွအုပ်စုများအတွက် ရည်ရွယ်ထားသော စစ်ယူနီဖောင်း ၂၀,၀၀၀ ခန့်ကို စပိန်ရဲတပ်ဖွဲ့က မတ် ၃ တွင်ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့က လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဟန်ဆောင်လျက် စစ်သွေးကြွများထံသို့ လက်နက်များခိုးထုတ်မှုကို ရဲတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်စဉ် လွန်ခဲ့သည့်လက အရှေ့ပိုင်း ဆိပ်ကမ်းမြို့များဖြစ်သော ဗေလင်စီယာနှင့်အလီကန့်တို့တွင် သိမ်းဆည်းခဲ့သည့် သင်္ဘောကွန်တိန်နာသုံးခုအတွင်း ယူနီဖောင်းများကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ကြေညာချက်တစ်ခုတွင် ဖော်ပြသည်။

အိုင်အက်စ်နှင့် ဆီးရီးယားရှိ အယ်လ်နျူဆရာတပ်ဦးတို့ကို ထောက်ပံံနေသော နိုင်ငံခြားသားပိုင်အဆောက်အဦများကို ၂၀၁၄က စတင်ခဲ့သော စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအဖြစ် လူခုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

သံသယမဝင်စေရန်နှင့် အကောက်ခွန်ဂိတ်များကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်ရန် စစ်ယူနီဖောင်းများ တင်ထားသော ကွန်တိန်နာများက အထည်ဟောင်းများဖြစ်သည်ဟု ကြေညာထားသည်။

လွန်ခဲ့သည့်လက ဖမ်းဆီးခဲ့သော သံသယရှိသူများက စီမံခန့်ခွဲသည့် ကုမ္ပဏီတစ်ခုသည် အထည်ဟောင်းများကို ပြည်ပမှတင်သွင်းသည့် အလုပ်လုပ်သည်။ ဖမ်းဆီးခံရသော သူတစ်ဦးမှာ ကုမ္ပဏီတစ်ခုမှ တဆင့် ဆီးရီးယားနှင့် အီရတ်သို့ စစ်ပစ္စည်းများ၊ ငွေများ၊ အီလက်ထရောနစ်နှင့် အသံလွှင့်ပစ္စည်းများ၊ သေနတ်များနှင့် ဗုံးလုပ်ရန်ရှေ့ပြေးပစ္စည်းများ ပို့ခဲ့သူဖြစ်သည်။

ကွန်ရက်၏ ခေါင်းဆောင်မှာ အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးနှင့် အမြဲတမ်းဆက်သွယ်မှုရှိသူဖြစ်သည်။ ဆီးရီးယားရှိ စစ်သွေးကြွများနှင့် လက်ထပ်ရန် အမျိုးသမီးအဖွဲ့ဝင်သစ်များ စုဆောင်းပေးရန် ယင်းခေါင်းဆောင်အား အိုင်အက်စ်က အကြိမ်ကြိမ်တောင်းဆိုထားကြောင်း လွန်ခဲ့သည့်လက ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly