ကမ္ဘာ့ဖလားအတွက် ယူကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့ ဖီဖာ တောင်းဆို

ကမ္ဘာ့ဖလားအတွက် ယူကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့ ဖီဖာ တောင်းဆို
Photo: EPA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကမ္ဘာ့ဖလား အထိမ်းအမှတ်အဖြစ် ယူကရိန်းမှာ တစ်လကြာ အပစ်အခတ်ရပ်စဲပေးဖို့ အင်္ဂါနေ့က တောင်းဆိုလိုက်ပြီး အားကစားဟာ လူတွေကို ပေါင်းစည်းစေနိုင်တယ်လို့ ပြောပါတယ်။

ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက ဘာလီမှာ စုဝေးရောက်ရှိနေတဲ့ အဓိကစီးပွားရေးအုပ်စု ၂၀ က ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားရာမှာ ကာတာမှာ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဖွင့်ပွဲကျင်းပခြင်းဟာ ကိုးလနီးပါးကြာ ရုရှားကျူးကျော်မှုအတွင်း အပြုသဘောဆောင်တဲ့ လှုံ့ဆော်မှုတစ်ခုအဖြစ် လုပ်ဆောင်နိုင်မယ်လို့ ပြောပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း တစ်လတာ ယာယီအပစ်အခတ်ရပ်စဲရေးကို တွေးတောဖို့ အားလုံးကို ကျနော် မေတ္တာရပ်ခံပါတယ်"လို့ ၎င်းက ဂျီ ၂၀ နေ့လယ်စားစာပွဲမှာ ခေါင်းဆောင်တွေကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး အပြည့်အဝမရှိဘူးဆိုရင် "လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံအချို့ကို အကောင်အထည်ဖော်တာ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ဖို့ ဦးတည်သွားနိုင်တဲ့ အရာတွေ ရှိနိုင်တယ်"လို့ သူက ဆိုပါတယ်။

ဘောလုံးအားကစားကို စုစည်းမှုတစ်ခုအဖြစ် ဖော်ပြကာ ရုရှားနိုင်ငံဟာ ၂၀၁၈ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယူကရိန်းဟာ ၂၀၃၀ အတွက် အိမ်ရှင်အဖြစ် စပိန်၊ ပေါ်တူဂီတို့နဲ့ ပူးတွဲ လျောက်ထားနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

"ဘောလုံးဟာ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကျနော်တို့တွေ ယုံကြည်ဖို့ နားမလည်နိုင်တာမျိုး မဟုတ်ပါဘူး" လို့ အင်ဖန်တီနိုက ပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားဟာ "ထူးခြားတဲ့ ပလက်ဖောင်းတစ်ခု"အနေနဲ့ နိုင်တင်ပြခဲ့တယ်။ ခန့်မှန်းခြေလူသားတွေရဲ့ ထက်ဝက်ကျော် ငါးဘီလီယံဟာ ရုပ်မြင်သံကြားကနေ ကြည့်ရှုဖို့ မျှော်လင့်ထားတယ်"လို့ သူက ပြောပါတယ်။

“ပဋိပက္ခတွေအားလုံးကို အဆုံးသတ်ဖို့ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်ဖို့ ဒီအခွင့်အရေးကို ယူလိုက်ကြရအောင်ပါ”လို့ သူက ဆိုပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်အပြီး ရက်ပိုင်းအတွင်း ဖီဖာက ရုှရားကို ဆိုင်းငံ့ထားခဲ့သလို နိုင်ငံအများအပြားကလည်း ရုရှားအသင်းနဲ့ ကစားဖို့ ငြင်းဆန်ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကနေ သူတို့ကို ဖီဖာက ထုတ်ပယ်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly