နိုင်ငံများ၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကိုဖျက်ဆီးရေး အကျပ်ကိုင်သောနည်းလမ်းများသုံးရန် တရုတ် ကြိုးပမ်းနေ

နိုင်ငံများ၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကိုဖျက်ဆီးရေး အကျပ်ကိုင်သောနည်းလမ်းများသုံးရန် တရုတ် ကြိုးပမ်းနေ

တရုတ်သည် နိုင်ငံအတွက် ကြီးထွားလာနေသော ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မည့်သည့်နည်းနှင့်မဆို အနှောက်အယှက်ဖြစ်စေသော နိုင်ငံများ၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် အကျပ်ကိုင်သော နည်းလမ်းများကို အသုံးပြုရန် ကြိုးစားနေကြောင်း Voice Against Autocracy သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

တစ်ကမ္ဘာလုံးအား စောင့်ကြည့်မှုကို တာဝန်ယူလုပ်ဆောင်နေသော တရုတ်ကုမ္ပဏီများက တရုတ်၏ နည်းပညာ တိုးချဲ့မှုကို ဦးဆောင်နေကြောင်း Voice Against Autocracy က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း Huawei ၊ Hikvision ၊ ZTE Corps နှင့် တခြားကုမ္ပဏီများကဲ့သို့သော တရုတ် ဆက်သွယ်ရေးကုမ္ပဏီကြီးများကို တရုတ်ကွန်မြူနစ်ပါတီက ရန်ပုံငွေထောက်ပံ့ခဲ့သည်။

တရုတ်သည် ၎င်းတိုးတက်လာမှုအပေါ် နိုင်ငံများအား ယုံကြည်အောင်လုပ်ဆောင်ရာတွင် အနှောင့်အယှက်များကို ကျော်လွှားနိုင်ရန် တမူထူးခြားသောရည်ရွယ်ချက်များဖြင့် ကြိုးပမ်းနေသော်လည်း ဆန့်ကျင်ဘက်အားဖြင့် ကြီးထွားလာသောခြိမ်းခြောက်မှုကို မည်သည့်နည်းနှင့်မဆို စိုးရိမ်မှုဖြစ်စေသည့် နိုင်ငံများ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို ဖျက်ဆီးရန် အကျပ်ကိုင်သောနည်းလမ်းများကို အသုံးပြုသည့်လမ်းကြောင်း ပေါ်သို့သာရောက်နေရှိနေသည်ဟု ဆိုသည်။

Huawei သည် ကမ္ဘာ့တယ်လီကွန်းအခြေခံအဆောက်အအုံဈေးကွက်၏ ၃၀ ရာခိုင်နှုန်း ဝန်းကျင်ကို ထိန်းချုပ်ထားပြီး 5G ကွန်ရက်တပ်ဆင်မည့် ကမ္ဘာတစ်ဝန်းရှိ မြို့အသီးသီးနှင့် စာချုပ်ပေါင်း ၉၁ ခုချုပ်ဆိုထားသည်။ တရုတ်အစိုးရယန္တရားသည် ဆိုက်ဘာလုံခြုံရေး၊ ဒစ်ဂျစ်တယ်စောင့်ကြည့်မှု၊ AI နည်းပညာသုံး မျက်နှာမှတ်သားခြင်းစနစ်နှင့် အခြားကဏ္ဍများဆိုင်ရာ ကမ္ဘာတစ်ဝန်းသို့ ဖြန့်ကြက်မည့် နည်းပညာကုမ္ပဏီများကို အားပေးလျက်ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီသည် မကြာသေးမီနှစ်များအတွင်း Huawei အတွက် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံနှင့် Hikvision အတွက် အမေရိကန်ဒေါ်လာ ၆၉၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုများကို အတည်ပြုခဲ့သည်။

တရုတ်နည်းပညာကုမ္ပဏီများနှင့်ပတ်သက်သော စိုးရိမ်စရာအချက်မှာ လက်ခံနိုင်ငံကြုံတွေ့ရသော လုံခြုံရေး ခြိမ်းခြောက်မှုပင်ဖြစ်ကြောင်း Voice Against Autocracy တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required