အငြင်းပွား တောင်တရုတ်ပင်လယ်အနီး အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

အငြင်းပွား တောင်တရုတ်ပင်လယ်အနီး အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

နယူးဒေလီ၊ မတ် ၃ ။            ။ အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ယခုနှစ်အတွင်း တောင်တရုတ်ပင်လယ်အနီး ဖိလစ်ပိုင်မြောက်ပိုင်း ပင်လယ်ပြင်တွင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က မတ် ၂ ရက်က ထုတ်ပြန်ရာ ယင်းလုပ်ရပ်သည် တရုတ်နှင့် တင်းမာမှုများကို ပိုဖြစ်လာစေနိုင်ဖွယ်ရှိသည်။

အခြားသောနိုင်ငံများနှင့် အငြင်းပွားနေရာ တောင်တရုတ်ပင်လယ် ရေပိုင်နက်နယ်မြေအတွင်း တရုတ်က ပိတ်ဆို့မောင်ပိုင်စီးထားသည့် စစ်ရေးကျုးနင်းမှုနှင့် ပတ်သက်ပြီး အမေရိကန်က သတိပေးပြီးနောက် ယခုသုံးနိုင်ငံရေတပ်စစ်ရေးလေ့ကျင့်မှုအား ကြေညာလာခြင်းဖြစ်ရာ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်သည့် အနေအထားရှိသည်။

ပြီးခဲ့သည့်နှစ်က အိန္ဒိယနှင့် အမေရိကန်နှစ်နိုင်ငံ၏ ရှစ်နှစ်ကြာ နှစ်စဉ်ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအား ဂျပန်ပါဝင်ရန် ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် ဒေသတွင်း တရုတ်၏ ငါတကော ကောမှုအား တုံ့ပြန်သည့် လုပ်ဆောင်မှုအသွင်လည်းဆောင်သည်။

ယခုရေတပ်လေ့ကျင့်မှုအား ဖိလစ်ပိုင်မြောက်ပိုင်း ပင်လယ်တွင် လုပ်ဆောင်မည်ဖြစ်ပြီး ဂျပန်ပါ ပါဝင်မည်ဖြစ်ကြောင်း အမေရိကန် ပစိဖိတ်တပ်မ အကြီးအကဲ ဟာရစ်က ပြောခဲ့သည်။

ပင်လယ်ပြင်လွတ်လပ်ခွင့်သည့် အားလုံးသောနိုင်ငံတိုင်းအတွက် အခြေခံအခွင့်အရေးဖြစ်ကြောင်း နယူးဒေလီတွင်ကျင်းပသည့် လုံခြုံရေးညီလာခံ၌ ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအပေါ် ရိုးတိုးရိပ်တိတ် ဝေဖန်ပြောကြားခဲ့သည်။

"တစ်ချို့နိုင်ငံကြီးများက နိုင်ငံငယ်လေးများကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး အနိုင်ကျင့်ဗိုလ်ကျရေး လုပ်နေကြပေမယ့် အိန္ဒိယသမုဒ္ဒရာ ရေပိုင်နက်အငြင်းပွားမှုမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့  ငြိမ်းငြိမ်းချမ်းချမ်းနဲ့  ဖြေရှင်းသွားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဥပမာကောင်းကို နှစ်ထောင်းအားရ ရှိရတယ်ဆိုတာ ကျွန်တော် မှတ်ချက်ပေးချင်ပါတယ်။"ဟု ဟာရစ်က ပြောခဲ့သည်။

အဆိုပါ သုံးနိုင်ငံပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်လိုင်အား မေးမြန်းရာ "သက်ဆိုင်တဲ့ နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက   ဒေသငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အကျိုးဖြစ်စေမယ်လို့ ကျွန်တော်တို့ကတော့ မျှော်လင့်တာပါပဲ။ တတိယနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှ မဟုတ်ဘူးလို့လည်း မျှော်လင့်ပါတယ်။"ဟု   ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly