အမေရိကန်မှ တာကစ်လူနည်းစုများက အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့ဆင်နွှဲကာ တရုတ်ဖိနှိပ်မှုများကို ဆန္ဒပြ

အမေရိကန်မှ တာကစ်လူနည်းစုများက အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့ဆင်နွှဲကာ တရုတ်ဖိနှိပ်မှုများကို ဆန္ဒပြ

အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့၌ပြုလုပ်သော အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပမှုသည် တရုတ်ဖိနှိပ်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝီဂါ၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နှင့် အမေရိကန်လူမျိုး ထောက်ခံသူအများအပြားက အရှေ့ တာကစ္စတန်နိုင်ငံ လွတ်လပ်ရေး၊ ပထမ အရှေ့တာကစ္စတန်သမ္မတနိုင်ငံနှင့် ဒုတိယအရှေ့တာကစ္စတန် သမ္မတနိုင်ငံတည်ထောင်ခြင်း၏ ၈၉ နှစ်နှင့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနှစ်ပတ်လည်နေ့တို့ကို ဂုဏ်ပြုရန် ဝါရှင်တန်ရှိ အိမ်ဖြူတော်ရှေ့တွင် စုဝေးခဲ့ကြကြောင်းအဝေးရောက် အရှေ့တကာစ္စတန်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပွဲကို အရှေ့တာကစ္စတန်အမျိုးသားလှုပ်ရှားမှု (ETNM) နှင့် အဝေးရောက်အရှေ့တာစ္စတန်အစိုးရ (ETGE) တို့မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူများက တရုတ်၏ ဆက်လက်လုပ်ဆောင်နေသာ ကိုလိုနီပြုမှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် သိမ်းပိုက်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းမှ ဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့သည်။

အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ၏ ယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အဇစ်ဆူလေမန်က "တရုတ်က ၁၉၄၉ ခုနှစ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး နိုင်ငံကို ကျူးကျော် ပြီးတဲ့နောက် အရှေ့တာကစ္စတန်လူမျိုးတွေဟာ ၇၃ နှစ်လုံး ကိုလိုနီပြုတာ လူမျိုးတုံးသတ်ဖြတ်တာနဲ့ ကျူးကျော်မှုတွေကို ခံစားနေရတုန်းပါ”ဟု ဆိုသည်။

အဝေးရောက် အရှေ့တာကစ္စတန်အစိုးရဝန်ကြီးချုပ် ဆာလီဟူဒါယာက လွတ်လပ်သောကမ္ဘာသည် တရုတ်နိုင်ငံ၏ နယ်ချဲ့ဝါဒနှင့် ကိုလိုနီဝါဒကို ဆက်သည်းမခံတော့ကြောင်း အလေးပေးပြောကြားရန် ဂျီ-၂၀ ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။

ဆာလီဟူဒါရာက "အရှေ့တာကစ္စတန်မှာ ဟိုလိုကော့စ်ဖြစ်ရပ်လို တရုတ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုကို အလျင်အမြန် အဆုံးသတ်ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကြားဝင်စွက်ဖက်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်" ဟု ထပ်လောင်းပြောကြားခဲ့သည်။

မန်ချူးချင်မင်းဆက်သည် ၁၈၈၄ ခုနှစ်တွင် အရှေ့တာကစ္စတန်ကို သိမ်းပိုက်ပြီး ရှင်ကျန်းဟု အမည်ပြောင်းခဲ့ကြောင်း အဝေးရောက် အရှေ့တာကစ္စတန် အစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရှေ့တာကစ္စတန်သည် ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးပြန်လည်ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ အရှေ့တာကစ္စတန်လူမျိုးများသည် ထိုနေ့ကို လွတ်လပ်ရေးနေ့အဖြစ် ဂုဏ်ပြုခဲ့ကြသည်။ သို့သော် အရှေ့တာကစ္စတန် သမ္မတနိုင်ငံသည် ၁၉၃၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဆိုဗီယက်နှင့် တရုတ်တို့၏ ကျူးကျော်မှုအောက်သို့ ကျသွားခဲ့သည်။

သို့သော် အရှေ့တာကစ္စတန်လူမျိုးများသည် တရုတ်ကိုလိုနီစနစ်ကို ဆန့်ကျင်ပြီး ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အရှေ့တာကစ္စတန်သမ္မတနိုင်ငံအဖြစ် လွတ်လပ်ရေးကြေညာခဲ့သည်။ တရုတ်သည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အရှေ့တာကစ္စတန်ကို ကျူးကျော်ကာ လွတ်လပ်သော အရှေ့တာကစ္စတန်သမ္မတနိုင်ငံအစိုးရကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖြုတ်ချခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required