Laureus ကမ္ဘာ့အကောင်းဆုံး အမျိုးသားအားကစားသမားဆု ဆန်ခါတင်စာရင်းတွင် မက်ဆီ ပါ၀င်

Laureus ကမ္ဘာ့အကောင်းဆုံး အမျိုးသားအားကစားသမားဆု ဆန်ခါတင်စာရင်းတွင် မက်ဆီ ပါ၀င်

ဘာလင်၊ မတ် ၃ ။            ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် 2016 Laureus တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသားအားကစားသမားဆု ဆန်ခါတင်စာရင်းတွင် အားကစားအကျော်အမော် ငါးဦးနှင့် အတူရွေးချယ်ခံခဲ့ရသည်။

၂၀၁၅ ကမ္ဘာ့အကောင်ဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည့် မက်ဆီသည် အပြေးချန်ပီယံ အူဆီယန်ဘော့၊ တင်းနစ်အကျော်အမော် ဂျိုကိုဗစ်၊ ဖော်မြူလာဝမ်းပြိုင်ကားမောင်းသမား လူးဝစ္စဟာမီလ်တန်၊ အမေရိကန်ဂေါက်သီးသမား ဂျော်ဒန်စပိ၊ အန်ဘီအေ ဘက်စကတ်ဘောသမား စတီဖန်ကယ်ရီတို့နှင့်အတူ ဆန်ခါတင်ရွေးချယ်ခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဂရင်းစလင်းချန်ပီယံဆု သုံးဆုရခဲ့သည့် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်သည် ထိုဆုကို ၂၀၁၅ ခုနှစ်က ရရှိထားသူဖြစ်သည်။

Laureus World Sports Awards တွင် ဆုအမျိုးအစား ၇ ခု ရှိပြီး တစ်နှစ်တာအမျိုးသမီးအကောင်းဆုံးအားကစားသမား ဆန်ခါတင်စာရင်းတွင် အမေရိကန်ဘောလုံးမယ် ကာလီလွိုက်ဒ်ပါဝင်ခဲ့သည်။

ဘာစီလိုနာကလပ်အသင်းနှင့် အမေရိကန်အမျိုးသမီးဘောလုံးအသင်းတို့မှာ တစ်နှစ်တာအကောင်းဆုံးအသင်းဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကိုပါအမေရိကချန်ပီယံ ချီလီအသင်းမှာ တစ်နှစ်တာအတိုးတက်ဆုံး ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ကြသည်။

2016 Laureus World Sports Awards ဆုပေးပွဲအခမ်းအနားကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည် ဖြစ်သည်။

Ref: laureus.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly