ဩစတြေးလျဝန်ကြီးချုပ်က ဒေါ်လာ ၂၀ ဘီလီယံ အရေးယူပိတ်ဆို့မှုကို ဖြေလျှော့ရန် တရုတ်ကို တိုက်တွန်းမည်

ဩစတြေးလျဝန်ကြီးချုပ်က ဒေါ်လာ ၂၀ ဘီလီယံ အရေးယူပိတ်ဆို့မှုကို ဖြေလျှော့ရန် တရုတ်ကို တိုက်တွန်းမည်

ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်က အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ စီးပွားရေးပိတ်ဆို့အရေးယူမှု ကိစ္စကို ရုပ်သိမ်းပေးရေး ဖိအားပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားမည်ဟု ဆိုသည်။

ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘားနီးစ်က ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်အစည်းအဝေး၌ တရုတ်နှင့် ဆွေးနွေးကာ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားပေးရန် တောင်းဆိုမည်ဟု ဆိုသည်။

ဩစတြေးလျဝန်ကြီးချုပ်နှင့် တရုတ်သမ္မတအကြား ၂၀၁၆ ခုနှစ်နောက်ပိုင်း တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိပေ။

“ဩစတြေးလျအပေါ် စီးပွားရေးအရေးယူပိတ်ဆို့ထားတာ ဒေါ်လာ ၂၀ ဘီလီယံလောက်ရှိပါတယ်” ဟု အယ်လ်ဘားနီးစ်းက နိုဝင်ဘာ ၁၁ ရက်တွင် သတင်းထောက်များကို ပြောသည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးအရ သြစတြေးလျရဲ့ အကျိုးစီးပွားအတွက် မဟုတ်သလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားလည်း မဟုတ်ဘူး။ ဒါကြောင့် ဒီပိတ်ဆို့အရေးယူမှုတွေဟာ တရားမမျှတလို့ ဖယ်ရှားဖို့လိုတာကြောင့် ကျွန်တော်တို့ ဒီကိစ္စကို ဆက်တင်ပြသွားမှာပါ။ ကြိုတင်ကန့်သတ်ချက်တွေမရှိဘဲ ဆွေးနွေးသွားမှာပါ” ဟု အယ်လ်ဘားနီးစ်က ဆိုသည်။

တရုတ်နှင့်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကြိုးပမ်းရင်း ဩစတြေးလျ၏စံတန်ဖိုးများအတွက် ရပ်တည် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အတိုက်အခံပါတီမှ ပြည်ပရေးရာပြောရေးဆိုခွင့်ရှိသူ ဆိုင်မွန်ဘာမင်ဟမ်က ရှီနှင့်တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်သော်လည်း ဩစတြေးလျ ဗျူဟာမြောက်အကျိုးစီးပွားများမှ သွေဖည်မသွားစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required