နီပေါတွင် ငှက်တစ်ကောင် တောင်ပံကို ဝင်တိုက်၍ ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ

နီပေါတွင် ငှက်တစ်ကောင် တောင်ပံကို ဝင်တိုက်၍ ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ

နီပေါတွင် လူသေဆုံးသည့် လေယာဉ်ပျက်ကျမှုနှစ်ရပ်ကြောင့် လေကြောင်းလုံခြုံရေး စိတ်ပျက် ဖွယ်ကို အထင်အရှားဖြစ်နေချိန် တစ်ပတ်အကြာမျှအတွင်း ခတ္တမန္ဒူလေဆိပ်၌ ခရီးသည်တင် ကိုးဦးပါ လေယာဉ်ငယ်တစ်စင်း အရေးပေါ်ဆင်းသက်မှုဖြစ်ပွားကြောင်း လေကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧဝရတ်တောင် အဝင်လမ်းအဖြစ် လူသိများသည့် လူခလာလေဆိပ်မှ ထိုင်ခုံ ၁၉ ခုံပါ လေယာဉ်ငယ်က ညာတောင်ပံကို ငှက်တစ်ကောင် ဝင်တိုက်၍ ခတ္တမန္ဒူလေဆိပ်သို့ အရေးပေါ် ဆင်းသက်လိုက်ရခြင်းဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူ ရန်ဂျန်က ပြောသည်။

"လူခလာလေဆိပ်ကနေ ဂိုမာကို ပျံသန်းတဲ့ လေယာဉ်က ပျံတက်ပြီး သုံးလေးမိနစ်အတွင်းမှာ ငှက်နဲ့ ဝင်တိုက်လို့ အရေးပေါ် ဆင်းသက်လိုက်ရတာပဲဖြစ်ပါတယ်။"ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

"ခရီးသည်တစ်ဦးမှ ထိခိုက်နာကျင်မှု မဖြစ်ခဲ့ပါဘူး။"ဟု ၎င်းက ပြောပြီး မြေသို့ အရေးပေါ် ဆင်းသက်လိုက်ရသည့် ယင်းလေယာဉ် ပျက်စီးမှု ရှိမရှိ အင်ဂျင်နီယာများက စစ်ဆေးနေကြောင်း ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ခရီးသည်တင်လေယာဉ်တစ်စီး တောင်နံရံနှင့် ဝင်တိုက်၍ ယာဉ်ပေါ်လိုက်ပါသူ ၂၃ ဦးစလုံး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းနှစ်ရက်အကြာ၌ တောင်ထူ ထပ်ရာ နယ်မြေတွင် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျ၍ လေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့သည်။

တောတောင်များနှင့် အနီးကပ်ရှိသည့် ခတ္တမန္ဒူလေဆိပ်အတွက် ငှက်များက လုံခြုံရေးခြိမ် းခြောက်မှု ပြဿနာတစ်ရပ်ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly