တရုတ်နိုင်ငံသားများကို ဆေးစစ်ချက်အတုလုပ်ပေးသည့် ထိုင်ဝမ်ဆေးရုံမှ အုပ်ချုပ်ရေးအရာရှိများ စွဲချက်တင်ခံရ

တရုတ်နိုင်ငံသားများကို ဆေးစစ်ချက်အတုလုပ်ပေးသည့် ထိုင်ဝမ်ဆေးရုံမှ အုပ်ချုပ်ရေးအရာရှိများ စွဲချက်တင်ခံရ

ထိုင်ဝမ်ရှိ ချန်ရှန်းဆေးရုံမှ အုပ်ချုပ်ရေးဟောင်းများနှင့် တာဝန်ထမ်းဆောင်ဆဲဖြစ်သော အရာရှိများသည် တရုတ်နိုင်ငံသားများ ထိုင်ဝမ်သို့ ဝင်ရောက်ရန် အသုံးပြုသော အဆင့်မြင့် ဆေးစစ်ချက်ကို အတုလုပ်ရာတွင် ကူညီပေးမှုဖြင့် နိုဝင်ဘာ ၈ ရက်တွင် တရားစွဲခံရကြောင်း အစိုးရရှေ့နေများက ပြောသည်။

တရားခံများတွင် ဆေးရုံ၏ ဥက္ကဋ္ဌဟောင်းများဖြစ်သည့် လီဝေချန်း၊ ရှဲရှီမင်းနှင့် လက်ရှိ ဒု-ဆေးရုံအုပ် လီရှီမင်း နှင့်အတွင်းရေးမှူးတစ်ဦးတို့ ပါဝင်သည်ဟု တိုင်ပေအစိုးရရှေ့နေရုံးက ပြောသည်။

တရုတ်နိုင်ငံသားများ ထိုင်ဝမ်သို့ဝင်ရောက်ခွင့်လျှောက်ရာတွင် လွယ်ကူချောမွေ့စေရန် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်းက ကျန်းမာရေးဆေးစစ်ချက်အတုများပြုလုပ်ရန် ဆေးရုံနှင့်ပူးပေါင်းဆောင်ရွက်သော တခြား ခရီးသွားအေဂျင်စီ ၃ ခုကိုလည်း စွဲချက်တင်ထားသည်ဟု အစိုးရရှေ့နေများက ပြောသည်။

တရားခံများသည် ၄ နှစ်အတွင်း ထိုင်ဝမ်သို့လာသည့် တရုတ်နိုင်ငံသား ၂၄ ၆၀၀ အတွက် ဆေးစစ်ချက်အတုများ လုပ်ပေးမှုမှ ထိုင်ဝမ် ဒေါ်လာ ၁၇ ဒသမ ၈၅ ( အမေရိကန်ဒေါ်လာ ၅၅၇ ၈၀၀) ရရှိသည်ဟု ဆိုသည်။

အက်ကြောင်းထင်လာသော ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးကြောင့် တရုတ်က တရုတ်ပြည်မကြီးမှ ခရီးသည်များအား ထိုင်ဝမ်ဝင်ရောက်ခွင့်ကို ကန့်သတ်ကြောင်း ၂၀၁၉ ခုနှစ် ဩဂုတ် ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီးနောက် ၎င်းဝန်ဆောင်မှုသည် အချိန်နှင့်အမျှ လူသိများလာပုံရသည်။

ထိုအချိန်မှစ၍ ထိုင်ဝမ်သို့သွားလိုသော တရုတ်နိုင်ငံသားများသည် ဆေးဘက်ဆိုင်ရာစင်တာများ၌ ထိုင်ဝမ်‌ဒေါ်လာ ၂၀ ၀၀၀ ကျော်ကျသင့်သော ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခြင်းကဲ့သို့သော အစိုးရ ခွင့်ပြုထားသည့် ကိစ္စရပ်များအတွက် အဖွဲ့လိုက်ခရီးသွားခြင်း အစီအစဉ်ဖြင့်သာ သွားရသည်။

ပြည့်တန်ဆာလုပ်ငန်းနှင့်ပတ်သက်သော တရုတ်အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးဆေးစစ်ချက်ရယူရန် ထိုင်ဝမ်သို့ ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးရုံးများက တွေ့ရှိပြီးနောက် ယခုနှစ်အစောပိုင်းတွင် အဆိုပါအမှုကို စတင်စုံစမ်းခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly