ချစ်ပ်ပြားထုတ်လုပ်သည့် Elmos ကုမ္ပဏီအား တရုတ်သိမ်းယူမည့်အပေါ် ဂျာမနီက ဟန့်တားဖွယ်ရှိ

ချစ်ပ်ပြားထုတ်လုပ်သည့် Elmos ကုမ္ပဏီအား တရုတ်သိမ်းယူမည့်အပေါ် ဂျာမနီက ဟန့်တားဖွယ်ရှိ

ဂျာမနီအစိုးရသည် Elmos ချစ်ပြားထုတ်စက်ရုံအား တရုတ်သိမ်းယူမည့်အပေါ် ဟန့်တားနိုင်ဖွယ်ရှိသည်ဟု ဒေါ့မန်အခြေစိုက် အဆိုပါကုမ္ပဏီက နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။

ဂျာမနီစီးပွားရေးဝန်ကြီးဌာနသည် တရုတ်လုပ်ငန်းစု Sai Microelectronics ၏ လက်အောက်ခံ ဆွီဒင်ကုမ္ပဏီတစ်ခုဖြစ်သည့် Silex ကုမ္ပဏီထံသို့ ရောင်းချမှုအား စစ်ဆေးလျက်ရှိသည်။

လက်ရှိအခြေအနေတွင် သဘောတူညီချက်သည် တားမြစ်ခံရဖွယ်ရှိသည်ဟု Elmos က နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။

ဝန်ကြီးဌာနသည် နိုဝင်ဘာ ၇ ရက်မတိုင်ခင်အထိ အရောင်းအဝယ်ကို အတည်ပြုနိုင်ကြောင်း နှစ်ဖက် ကုမ္ပဏီများကို ပြောကြားခဲ့သည်။

နောက်ဆုံးအကဲဖြတ်မှုလုပ်ဆောင်ပြီးနောက် ဝန်ကြီးဌာနက နောက်ထပ်စစ်ဆေးမှုအဆင့်များ လုပ်ဆောင် ဦးမည်ဖြစ်ကြောင်း Elmos ကပြောသည်။

Silex ကုမ္ပဏီက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပုံမှန်အလုပ်ချိန်ပြင်ပတွင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required