သံသယတရားခံတစ်ဦး၏ ခြေထောက်မှ ကျည်ဆံကို ခွဲထုတ်ပေးမှုကြောင့် ထောင်ဒဏ်၈ နှစ်ကျခံခဲ့ရသည့် ဝီဂါလူမျိုးဆရာဝန် ပြန်လွတ်လာပြီး မကြာမီ သေဆုံး

သံသယတရားခံတစ်ဦး၏ ခြေထောက်မှ ကျည်ဆံကို ခွဲထုတ်ပေးမှုကြောင့် ထောင်ဒဏ်၈ နှစ်ကျခံခဲ့ရသည့် ဝီဂါလူမျိုးဆရာဝန် ပြန်လွတ်လာပြီး မကြာမီ သေဆုံး

သံသယတရားခံတစ်ဦး၏ ခြေထောက်မှ ကျည်ဆံကို ခွဲထုတ်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည့် ဝီဂါဆရာဝန်တစ်ဦးသည် စက်တင်ဘာလအတွင်း လွတ်မြောက်လာပြီး မကြာမီသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် ယင်းကိစ္စကို သိရှိသူများက အတည်ပြုပြောကြားသည်။

သေဆုံးသွားသည့် ဒေါက်တာ မိုဟာမက်ခေါ် တူဒါဟန်နူရီမတ်သည် အူချာတာပန်မြို့ရှိ ဆေးရုံအကြီးအကဲ ဟောင်းတစ်ဦးဖြစ်သည်။

တရုတ်အာဏာပိုင်များက အကြမ်းဖက်သမားတစ်ဦးအဖြစ် သတ်မှတ်ထားသူတစ်ဦး ၂၀၁၃ ခုနှစ် ဩဂုတ်လအတွင်းက ပစ်ခတ်မှုဖြင့် ဒဏ်ရာရရှိခြင်းကို ကုသပေးခဲ့ခြင်းအတွက် ဒေါက်တာ မိုဟာမက်ကို အဆိုပါနှစ်တွင် ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့က မွတ်စလင်ဥပုသ်ကာလအပြီး နောက်ဆုံးနေ့ပွဲတော်အကြိုနေ့ဖြစ်ပြီး ဗလီတစ်ခုသို့ လုံခြုံရေးများက လာရောက် စစ်ဆေးစဉ် ဝီဂါမွတ်စလင်များနှင့် ရဲများအကြား အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ ရန်ပွဲအတွင်း ရဲများက လက်နက်မဲ့ ပြည်သူများကို ပစ်ခတ်ခဲ့ရာ ဝီဂါ ၃ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။ ဒဏ်ရရသူအချို့အား ဆေးရုံသို့ တင်ခဲ့ရသလို အချို့သည်လည်း ယင်းနေရမှာ ထွက်ခွာကာ ကိုယ်တိုင်ဆေးကုသခဲ့ရကြောင်း အခင်းဖြစ်ပွားသည့် နေရာမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒေါက်တာမိုဟာမက်သည်လည်း ဆရာဝန်တစ်ဦးအဖြစ် လူနာများကို ကုသရာတွင် ပါဝင်ခဲ့ရပြီး သူကုသပေးခဲ့ရသည့် လူနာမှာ အကြမ်းဖက်သမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သောကြောင့် မိုဟာမက်အား ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ထောင်အတွင်း သူ၏ ကျန်းမာရေးအခြေအနေဆိုးရွားလာသောကြောင့် မိသားစုထံသို့ ပြန်လွှတ်ပေးခဲ့ပြီးနောက် စက်တင်ဘာ ၁၈ ရက်တွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု ရှင်ကျန်းတွင် ဝီဂါများ သေဆုံးရသည့်အကြောင်းကို ဖေ့စ်ဘွတ်တွင် ရေးသားသည့် Nurxenim Uyghur အမည်ရှိသူက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required