နိုင်ငံဖွံ့ဖြိုးရေး ကြိုးပမ်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ တရုတ်ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းနေ

နိုင်ငံဖွံ့ဖြိုးရေး ကြိုးပမ်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ တရုတ်ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းနေ

စီးပွားရေးနှင့် အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းလာစေရန် ကြိုးပမ်းသော်လည်း အားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် တရုတ်ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းသွားပြီး ယင်းတို့တွင် သီရိလင်္ကာ၊ ပါကစ္စတန်မှသည် ကင်ညာအထိ ပါဝင်နေကြောင်း Daily Times က ဖော်ပြလိုက်သည်။

ကြွေးမြီများ၊ ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းနှင့် အခြားသော မက်ခရိုစီးပွားရေး ပြဿနာများစွာကို ရင်ဆိုင်နေရသော ပါကစ္စတန်သည် သီရိလင်္ကာကဲ့သို့ ကြွေးမြီထောင်ခြောက်အတွင်း သက်ဆင်းမည့် ပုံပေါ်နေသည်။

လက်ရှိတွင် ဆိုးရွားသော စီးပွားရေးပြိုလဲမှုနှင့် ကြုံတွေ့နေရသည့် သီရိလင်္ကာကဲ့သို့ပင် ပါကစ္စတန်သည် ရေရှည်တည်တံ့သော စီးပွားရေးအကျိုးအမြတ်များနှင့် နိုင်ငံရေးတည်ငြိမ်မှုနှစ်မျိုးစလုံး လိုအပ်နေသည့်အတွက် ဒေသတွင်းတွင် ခိုင်မာသောမဟာမိတ်ဖြစ်နိုင်သည့် တရုတ်နှင့် စီမံကိန်းများလုပ်ဆောင်ခဲ့သော်လည်း သီရိ လင်္ကာကဲ့သို့ ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းသွားနိုင်သည့်အတွက် လိုအပ်သော အစီအမံများ ပြင်ဆင်ထားသင့်ကြောင်း သတင်းစာက ဆိုသည်။

တရုတ်၏ ရည်မှန်းချက်ကြီးသော စီမံကိန်းများမှ မိမိကိုယ်ကို ကယ်တင်ရေးအတွက် သီရိလင်္ကာသည် အခြားနိုင်ငံများအတွက် စံနမူနာကောင်းတစ်ခု ဖြစ်နိုင်သည်။

အကြွေး/ရှယ်ယာလဲလှယ်မှုအရ သီရိလင်္ကာသည် ဟမ်ဘန်တိုတာဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံကို လွှဲပြောင်း ပေးခဲ့ပြီး ယခုအခါ အကြွေးများမဆပ်နိုင်သောကြောင့် လေဆိပ်ကို တရုတ်ထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေး ရနိုင်သည်။

ထို့ပြင် သီရိလင်္ကာဝင်ငွေ၏ ၉၀ ရာခိုင်နှုန်း ကြွေးမြီဆပ်နေရသည်။

နောက်ထပ်ဥပမာတစ်ခုက ၂၀ဝ၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တရုတ်က ဒေါ်လာ ၅၂ ဘီလီယံ ရင်းနှီးမြှုပ်နှံ ခဲ့သည့် ဗင်နီဇွဲလားဖြစ်ကြောင်း Daily Times က ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ စုစုပေါင်းကြွေးမြီသည် အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံ သို့မဟုတ် ဂျီဒီပီ၏ ၇၀ ရာခိုင်နှုန်းနီးပါး ရှိပြီး လက်ရှိစာရင်းလိုငွေပြမှုသည် ၁၂၀ ရာခိုင်နှုန်းနီးပါး တိုးလာနေသည်။

နိုင်ငံတစ်ခုအတွက် ယင်းပမာဏကြီးမားသော ငွေရင်းနှင့် ယင်းကြီးမားသော အတိုးနှုန်းနှစ်ခုစလုံးကို ပြန်ဆပ်ရန် မဖြစ်နိုင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required