အခွန်ထပ်တိုးစည်းကြပ်ရန် ပါကစ္စတန်ကို IMF တိုက်တွန်း

အခွန်ထပ်တိုးစည်းကြပ်ရန် ပါကစ္စတန်ကို IMF တိုက်တွန်း

ပါကစ္စတန်တွင် အခွန်ဝင်ငွေ ရှာဖွေမှုတွင် သင့်တင့်စွာ အရှိန်ရနေသော်လည်း အကြမ်းဖျင်းအားဖြင့် ရူပီး ၆၀၀ ဘီလီယံတန်ဖိုးရှိ ထပ်တိုးအခွန်အကောက်များ စည်းကြပ်ရေး ပါကစ္စတန်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တိုက်တွန်းလိုက်သည်။

ထို့ပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အထူးလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းရေးကိုလည်း IMF က ပါကစ္စတန်အစိုးရကို ထပ်မံတိုက်တွန်းခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှုနှုန်းက ကိန်းဂဏန်းနှစ်လုံးဖြင့် မြင့်တက်နေစဉ် အခွန်ထပ်မံစည်းကြပ်ကောက်ခံရေး တောင်းဆိုချက်ကို ပါကစ္စတန်အာဏာပိုင်တို့က လက်ခံခြင်း မရှိသေးပေ။

ငွေကြေးဖောင်းပွမှုမြင့်တက်နေခြင်းက အတိုက်အခံတို့၏ ရေပန်းစားမှုနှင့် နိုင်ငံရေးဩဇာပိုင်းတွင် အာဏာရ မဟာမိတ်တို့၏ နိုင်ငံရေး အခွင့်အလမ်းများ ပျောက်ပျက်လာနေခြင်းတို့၏ နောက်ကွယ်တွင် ရှိနေသည့် အဓိက အကြောင်းအချက်တစ်ခု ဖြစ်သည်။

ပါကစ္စတန်ဆိုင်ရာ IMF မစ်ရှင်အဖွဲ့ အကြီးအကဲ နေသန် ပေါ်တာသည် မကြာသေးခင်က ဝါရှင်တန်တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုများအတွင်း အထက်ပါ တောင်းဆိုချက်များကို ပါကစ္စတန်အာဏာပိုင်တို့ထံ အဆိုပြုခဲ့ခြင်း ဖြစ်ပြီး အခြားသော သတ်မှတ်ချက်တချို့ကိုလည်း တင်ပြခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါကိစ္စကို အစီအစဉ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လာမည့် ဆွေးနွေးမှုများအတွင်း ဆွေးနွေးမည် ဖြစ်ပြီး ယင်းကို နိုဝင်ဘာလထဲတွင် ပြုလုပ်ဖွယ် ရှိကြောင်း သတင်းရင်းမြစ်များက The Express Tribune ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required