တရုတ်စက်မှု လုပ်ငန်းများ အောက်တိုဘာလတွင် ကျဆင်း

တရုတ်စက်မှု လုပ်ငန်းများ အောက်တိုဘာလတွင် ကျဆင်း

ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကျဆင်းမှုနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ပြင်းထန်သောကန့်သတ်ချက်များကြောင့် တရုတ်စက်ရုံလုပ်ငန်းများသည် အောက်တိုဘာလတွင် ကျဆင်း သွားခဲ့သည်။

"အောက်တိုဘာလတွင် တရုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ ဝယ်ယူမှုမန်နေဂျာအညွှန်းကိန်း (PMI) သည် ၄၉ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး စက်တင်ဘာလကထက် ဝ ဒသမ ၉ ရာခိုင်နှုန်းအမှတ်များ ကျဆင်းသွားသည်" ဟု တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ပြောကြားခဲ့သည်။

အဆိုပါလ၌ပင် ကုန်ထုတ်လုပ်မှုမဟုတ်သော လုပ်ငန်းဆောင်ရွက်မှုအညွှန်းကိန်းသည် ၄၈ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး စက်တင်ဘာလကထက် သတ်မှတ်အမှတ်အောက်လျော့နည်းကာ ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

လက်လီ၊ လေကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်းနှင့် စားသောက်ကုန်များကဲ့သို့သော တရုတ် စက်မှုလုပ်ငန်းများ၏ လုပ်ငန်းပမာဏသည် အောက်တိုဘာလတွင် ကျဆင်းသွားခဲ့ကြောင်း NBS အချက်အ လက်များက ဖော်ပြနေသည်။

တရုတ်ထုတ်လုပ်မှုအညွှန်းကိန်းမှာ ၄၉ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာလကထက် ၁ ဒသမ ၉ ရာခိုင် နှုန်း ကျဆင်းသွားကာ ထုတ်လုပ်မှု လုပ်ငန်းများ ကျဆင်းသွားကြောင်း ညွှန်ပြနေသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုများ ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့် ဈေးကွက်လှုပ်ရှားမှုများကို နှောင့်နှေးစေသဖြင့် ဝန်ဆောင်မှုကဏ္ဍသည် ယခုလတွင် အားနည်းသွားကြောင်း NBS အကြီးတန်းစာရင်းအင်းပညာရှင် ကျောက်ချင်ဟော်ကို ကိုးကား၍ Xinhua က ဖော်ပြခဲ့သည်။

ဝန်ဆောင်မှုကဏ္ဍကို တိုင်းတာသည့် လက်ခွဲအညွှန်းကိန်းများသည် စက်တင်ဘာလတွင် ၅၆ ဒသမ ၁ ရာခိုင် နှုန်းရှိရာမှ ၅၆ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း ကျောက်က မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly