တရုတ်က ပါကစ္စတန်နှင့် ကြွေးမြီကိစ္စများ ညှိနှိုင်းရာတွင် အပြင်းအထန် တွန်းအားပေး

တရုတ်က ပါကစ္စတန်နှင့် ကြွေးမြီကိစ္စများ ညှိနှိုင်းရာတွင် အပြင်းအထန် တွန်းအားပေး

ပါကစ္စတန်သည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆက်မျှော်လင့်နေသော်လည်း တရုတ်က ပါကစ္စတန်၏ ကြွေးမြီကတိပြင်ဆင်ရေး တောင်းဆိုမှုကို အလွန်သတိထားလိမ့်မည်ဖြစ်ကြောင်း Inside Over သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှက်ဘက်ဇ်ရှာရစ်သည် တရုတ်နိုင်ငံသို့ ၂ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးကဏ္ဍအတွက် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ သို့သော် ပါကစ္စတန်၏ ဆိုးတူကောင်းဖက်ဖြစ်သော တရုတ်သည် ပါကစ္စတန်နှင့် ကြွေးမြီသဘောတူညီချက်ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။ တရုတ်သည်

ယခုနှစ်အစောပိုင်းက အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကြွေးမြီသဘောတူညီချက်ကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

ပါကစ္စတန်သည် တရုတ်နှင့် ၎င်း၏ နှစ်နိုင်ငံ ကြွေးမြီသဘောတူညီချက်ပြင်ဆင်လိုသည်။ ပါကစ္စတန်ကြွေးမြီမှာ တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံ အပါအဝင် စုစုပေါင်း ဒေါ်လာ ၂၀ ဒသမ ၃ ဘီလီယံရှိသည်။ ပါကစ္စတန်၏ တရုတ်ကြွေးမြီမှာ နိုင်ငံခြားကြွေးမြီ ၃၀ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောသည်။

ပါကစ္စတန်အတွက် တရုတ်၏ ချေးငွေမှာ IMF ထက် ၃ ဆပိုများပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် နှစ်ခုပေါင်းအကူအညီထက် များစွာပိုသည်။

သို့သော် ပါကစ္စတန် တရုတ်၏ ကြွေးမြီ သံခင်းတမန်ခင်းနှင့်ဆက်စပ်နေရသော သီရီလင်္ကာနိုင်ငံကဲ့သို့ စီးပွားရေး အကျပ်အတည်းတွေ့လာနိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင်များက ပြောသည်။

ရှာရစ်နှင့်အဖွဲ့သည် ကြွေးမြီကတိကတတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ကြီးစွာသောစိတ်ပျက်စရာများနှင့် ကြုံတွေ့ရနိုင်သည်။ တရုတ်နိုင်ငံသည် ကြွေးမြီကိစ္စများနှင့်ပတ်သက်၍ သေချာပေါက် တင်းတင်းကျပ်ကျပ် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required