အမေရိကန်အနေဖြင့် နှိပ်ကွပ်ရန် ကြိုးပမ်းမှုများကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်အနေဖြင့် နှိပ်ကွပ်ရန် ကြိုးပမ်းမှုများကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်အနေဖြင့် ထိန်းချုပ်ခြင်း၊ နှိပ်ကွပ်ခြင်းတို့အတွက် ကြိုးပမ်းခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အဟန့်အတား များ ဖန်တီးခြင်းတို့ကို ရှောင်ရှားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အောက်တိုဘာ ၃၁ရက်တွင် ပြောကြားလိုက်သည်။

တရုတ်အပေါ် တင်ပို့မှုထိန်းချုပ်ရေး အမေရိကန်က ချမှတ်ခြင်းက တရားဝင်အခွင့်အရေးများကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပြီး ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နှင့် ဖုန်းဖြင့် ပြောဆိုရာတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားကျူးကျော်စစ်ပွဲကြောင့် ကမ္ဘာ့လုံခြုံရေးနှင့် စီးပွားရေးတည်ငြိမ်မှု ခြိမ်းခြောက်ခံရမှုကို ဘလင်ကင်က ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်က နှစ်နိုင်ငံအကြား ပွင့်လင်းသော ဆက်သွယ်ရေး လမ်းကြောင်းကို ထားရှိရန်လိုအပ်ကြောင်း အကြိမ်ကြိမ် အလေးပေး ပြောကြားခဲ့သော်လည်း တရုတ်က ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ထောက်ခံသည့် သွယ်ဝိုင်ညွှန်ပြချက်များရှိနေကြောင်း မကြာသေးမီက ဖော်ပြခဲ့သည်။

ရုရှား၏ မဟာဗျူဟာမြောက် မိတ်ဖက် တရုတ်က ယူကရိန်းစစ်ပွဲအတွက် အခိုင်အမာကာကွယ်ပေးထားပြီး ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဝေဖန်သော်လည်း စစ်ရေးလှုပ်ရှားမှုတွင် ထောက်ခံခြင်း သို့မဟုတ် အကူအညီပေးခြင်းအား ရပ်ဆိုင်းခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိစွာ စီမံခန့်ခွဲရန် လိုအပ်ကြောင်းကိုလည်း ဘလင်ကင်က ဝမ်ယိနှင့် ဆွေးနွေးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိပရိုက်က အောက်တိုဘာ ၃၁ရက်တွင် ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် မိနစ် ၇၀ ခန့်ကြာမြင့်သည့် ဖုန်းခေါ်ဆိုမှုသည် အကျိုးဖြစ်ထွန်းပြီး သံခင်းတမန်ခင်းဆန်စွာ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်သည် တရုတ်နှင့် ပဋိပက္ခဖြစ်ပွားရန် မလိုလား ကြောင်း ပြောကြားခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် နည်းလမ်းများ ရှာဖွေရန် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly