ပါကစ္စတန်၏ စီးပွားရေးသည် သီရိလင်္ကာပုံစံ အကျပ်အတည်းသို့ ဦးတည်နေ

ပါကစ္စတန်၏ စီးပွားရေးသည် သီရိလင်္ကာပုံစံ အကျပ်အတည်းသို့ ဦးတည်နေ

ပါကစ္စတန်၏ စီးပွားရေးသည် တချက်ချက်မြည်နေသော ချိန်ကိုက်ဗုံးသဖွယ် ဖြစ်နေသည်။ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကို ဖြစ်စေခဲ့သည့် အကြောင်းတရားများက ပါကစ္စတန်အပေါ် သိသာထင်ရှားစွာ သက်ရောက်ခဲ့ပြီး လက်ရှိတွင် ပါကစ္စတန်၏ စီးပွားရေးသည်လည်း အလားတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ပါကစ္စတန်တွင် ကြွေးမြီအများအပြား တင်ရှိနေခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်း၊ အလုပ် လက်မဲ့ဖြစ်မှုနှုန်း မြင့်တက်ခြင်းအပြင် အခြားသော မေကရိုဘောဂဗေဒဆိုင်ရာ ပြဿနာ အများအပြား ရှိနေပြီး

ယင်းက နိုင်ငံတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ရှင်းရှင်းလင်းလင်း ပြသနေကြောင်း Daily Parliament Times တွင် ရေးသားနေသည့် သတင်းထောက် မိုဟာမက် ဟမ်ဇာ ကာမာက ပြောသည်။

မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများအတွက် ပြည်ပမှ တင်သွင်းမှုအပေါ်တွင် မှီခိုနေရခြင်း၊ နိုင်ငံခြားငွေ ရင်းမြစ်များ နည်းပါးနေခြင်း၊ လွတ်လပ်စွာ ကုန်သွယ်မှုအပေါ် ပိတ်ပင်ကန့်သတ်မှုများ ရှိနေခြင်းနှင့် ပြည်ပ ကြွေးမြီများ စုပုံလာခြင်းတို့က သီရိလင်္ကာနှင့် ပါကစ္စတန်အကြား ထိတ်လန့်ဖွယ် တူညီသည့် အချက်များအဖြစ် ရှိနေသည်။

ဆန်းစစ်အကဲဖြတ်သည့် ရှုထောင့်မှ ကြည့်မည်ဆိုပါက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ (လက်ရှိကာလတန်ဖိုး ဒေါ်လာ ၅၅ ဘီလီယံ) ချေးငွေတစ်ခုဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ထိုချေးငွေသည် ပါကစ္စတန်က အစိုးရအာမခံမှု တစိတ်တဒေသအဖြစ် တရုတ်ထံမှ ရယူထားခြင်း ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို အစုရှယ်ယာများအပေါ်တွင် ဒေါ်လာငွေအားဖြင့် ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရမှု နှုန်းထား ၁၇-၂၀ ရာခိုင်နှုန်းဖြင့် အာမခံထားခြင်း ဖြစ်ပြီး ခန့်မှန်း ကြွေးမြီနှင့် ရှယ်ယာတန်ဖိုး အချိုးသည် ၈၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း ဖြစ်သည်ဟု အစိုးရမှတ်တမ်းများတွင် ဖော်ပြကြောင်း ကာမာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly