သီရိလင်္ကာရူပီး ၁၄ ဘီလီယံကျော်လိမ်လည်မှုဖြင့် တရုတ်စုံတွဲကို ဖမ်းဆီး

သီရိလင်္ကာရူပီး ၁၄ ဘီလီယံကျော်လိမ်လည်မှုဖြင့် တရုတ်စုံတွဲကို ဖမ်းဆီး

သီရိလင်္ကာတွင် ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုတွင် သီရိလင်္ကာရူပီး ၁၄ ဘီလီယံကျော်လိမ်လည်မှုဖြင့် တရုတ်စုံတွဲ တစ်တွဲနှင့် ဒေသခံတစ်ဦးကို အောက်တိုဘာ ၃၀ရက်က ဖမ်းဆီးလိုက်သည်။

သီရိလင်္ကာရူပီး ၁၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၇၈၉၁၅၀၄) ခန့် တန်ဖိုးရှိသော ဒစ်ဂျစ်တယ်ငွေကြေး ပမာဏအများအပြား လိမ်လည်မှုအတွက် မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန (CID) ၏ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေးရာဇဝတ်မှုဗျူရိုက လူ ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း Sunday Island Online တွင် ဖော်ပြထားသည်။

ယင်းလိမ်လည်မှုကို သီရိလင်္ကာနိုင်ငံသား ကာသီဘန်ဒရာက တရုတ်စုံတွဲတစ်တွဲနှင့် ပူးပေါင်း လိမ်လည်ခဲ့ခြင်း ဖြစ်ကြောင်း ရဲက ပြောကြားသည်။

အဆိုပါ တရုတ်စုံတွဲကို ကတူနာရက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး လူပေါင်း ၈၀ဝဝ ခန့်ကို ယင်းလူလိမ်များက လိမ်လည်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု Sunday Island Online တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဘန်ဒရာသည် ကိုလံဘိုမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးရုံးတွင်ဖွင့်လှစ်ထားသောရုံးတွင် ၂၀၂၀ပြည့်နှစ်မှစတင်၍ လူများကို လိမ်လည်ခဲ့သည်။

ရာဇဝတ်မှုကျူးလွန်သူ ၃ ဦးသည် ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုများတွင် အကျိုးအမြတ်များများ ပေးခြင်း ဖြင့် လူတစ်ဦးချင်းစီအား ယုံကြည်လောက်အောင် လှည့်ဖြားခဲ့ကြောင်း Sunday Island Online မှ ဖော်ပြခဲ့ သည်။

သံသယရှိသူများသည် ကိုလံဘိုရှိ ကြယ်ငါးပွင့်ဟိုတယ်များတွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နစ်နာသူများအား ပိရမစ်ပုံစံလိမ်လည်မှု အစီအစဉ်တွင် ပါဝင်ရန် ဆွဲဆောင်ခဲ့သည်။

ဒစ်ဂျစ်တယ်ငွေကြေးတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု၏ အမြတ် ၅ ဆနီးပါး ပြန်လည်ရရှိမည့် စီမံချက် အတွက် အထူးလျှောက်ထားမှုကို သံသယရှိသူများသည် ဖန်တီးခဲ့သော်လည်း နစ်နာသူများသည် အမြတ် အစွန်းများကို မခံစားခဲ့ရကြောင်း Sunday Island Online တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly