လျှပ်စစ်ကား ပထမဆုံးအသုတ် ဝယ်ယူထားသူများထံသို့ Evergrande ကုမ္ပဏီက ကားများစတင်ပေးပို့

လျှပ်စစ်ကား ပထမဆုံးအသုတ် ဝယ်ယူထားသူများထံသို့ Evergrande ကုမ္ပဏီက ကားများစတင်ပေးပို့

လျှပ်စစ်ကားများထုတ်လုပ်သည့် China Evergrande New Energy Vehicle Group Ltd. ကုမ္ပဏီက ပထမဆုံးဝယ်ယူသူ အယောက် ၁၀ဝ ထံသို့ Hengchi 5 ကားများကို ပေးပို့လိုက်သည်။

ယင်းကုမ္ပဏီသည် အကြွေးနွံနစ်နေသည့် အိမ်ခြံမြေကုမ္ပဏီကြီး China Evergrande Group ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး ယင်းသည် စက်တင်ဘာလတွင် မြောက်ပိုင်း တီယန်ကျင်းမြို့ရှိ စက်ရုံမှ မော်တော်ကားများကို စတင်ထုတ်လုပ်ခဲ့သည်။

Evergrande သည် ၂၀၂၅ခုနှစ်တွင် ကားအစီးရေ ၁ သန်းထုတ်လုပ်ရန် စီစဉ်ထားပြီး လာမည့်ဆယ်စုနှစ် အတွင်း ယင်းအုပ်စု၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် အိမ်ခြံမြေလုပ်ငန်းမှ မော်တော်ကားလုပ်ငန်းသို့ ကူးပြောင်းသွားရန် ရည်မှန်းထားသည်။

ယင်း၏ ဒုတိယ EV မော်ဒယ်ကားကို ၂၀၂၃ခုနှစ် ပထမနှစ်ဝက်တွင် အမြောက်အမြား စတင်ထုတ်လုပ်မည် ဖြစ်ပြီး ၂၀၂၃ခုနှစ် နှစ်ဝက်နှောင်းပိုင်းတွင် တတိယအသုတ် ထုတ်လုပ်မှုကို စတင်မည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့သည်။

Hengchi 5 ပြိုင်ကားအမျိုးအစားကားကို ယွမ် ၁၇၉၀ဝ၀ (ဒေါ်လာ ၂၄၆၉၀) ဖြင့် ရောင်းချနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly