ပါကစ္စတန်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆက်တိုက် ကျဆင်းနေ

ပါကစ္စတန်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆက်တိုက် ကျဆင်းနေ

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ယခုအခါ ဆက်တိုက်ကျဆင်းလျက် ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလက အဆိုးဆုံး ဖြစ်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

အဆိုပါနိုင်ငံသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုအဖြစ် အမေရိကန် ဒေါ်လာ သန်း ၁၁၀ ခန့်ကို ဖိတ်ခေါ်နိုင်ခဲ့သည်။ ထိုကိန်းဂဏန်းက တစ်နှစ်ထက်တစ်နှစ် ၆၀ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သည်။

အဆိုပါ လအတွက် ရင်းနှီးမြှုပ်နှံမှု စီးထွက်မှုက ဒေါ်လာ ၆၃ သန်း ဖြစ်ပြီး ယင်းသည် တစ်နှစ်ထက်တစ်နှစ် ၁၃၀ ရာခိုင်နှုန်း မြင့်တက်ခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့် အသားတင် FDI သည် ဒေါ်လာ ၈၄ သန်းခန့်သာ ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၆၆ ရာခိုင်နှုန်း ကျဆင်းကြောင်း Business Recorder မီဒီယာက ဖော်ပြသည်။

စက်တင်ဘာလ၏ အသားတင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် လအလိုက် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။

၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမ သုံးလပတ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် ၄၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ပါကစ္စတန် ဗဟိုဘဏ်၏ ဒေတာအချက်အလက်များက ပြသသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required