တရုတ်၏ ဉာဏ်ရည်တု ထောက်လှမ်းရေး နည်းပညာက သူလျှိူလုပ်နိုင်မည့် ခြိမ်းခြောက်မှု အန္တရာယ်ရှိနေ

တရုတ်၏ ဉာဏ်ရည်တု ထောက်လှမ်းရေး နည်းပညာက သူလျှိူလုပ်နိုင်မည့် ခြိမ်းခြောက်မှု အန္တရာယ်ရှိနေ

ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း (BRI) များကို အကောင်အထည်ဖော်နေသည့် ၃၆ နိုင်ငံသို့ တရုတ်ကုမ္ပဏီများက ဉာဏ်ရည်တုထောက်လှမ်းရေးနည်းပညာများကို ပံ့ပိုးနေခြင်းက သူလျှိူလုပ်နိုင်မည့် ခြိမ်းခြောက်မှု အန္တရာယ်များ ဖြစ်ပေါ်လျက်ရှိသည်။

လက်ရှိအခြေအနေအရ အာဏာရှင်ပုံစံဖြစ်နေသည့် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းနှင့် ပြည်ပရှိ ၎င်းတို့နိုင်ငံသားများကို ထောက်လှမ်းစောင့်ကြည့်မှုကို တိုးမြှင့်လုပ်ဆောင်နေကြောင်းလည်း Tibet Press သတင်းတွင် ဖော်ပြထားသည်။

တရုတ်အနေဖြင့် စောင့်ကြည့်မှုစွမ်းရည်နှင့် နည်းပညာတို့ကို အရှိန်မြှင့် လုပ်ဆောင်ခြင်းသည် ပြည်တွင်းရေးကိစ္စ သက်သက်မဟုတ်ပ။ BRI စီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အဆိုပါ နည်းပညာများ တင်ပို့နိုင်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီက ပြည်တွင်းနည်းပညာကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ ကုမ္ပဏီအများစုသည် တရုတ်အစိုးရယန္တရားက ပံ့ပိုးပေးထားသော သို့မဟုတ် တရုတ်ကုမ္ပဏီများက ဝန်ထမ်းများ ခန့်အပ်ထားပေးသည့် ကြားခံကုမ္ပဏီများဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယင်းကဲ့သို့ နည်းပညာဆိုင်ရာ အကူအညီပေးရန် ကမ်းလှမ်းခံရသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် သတိပြုရမည့် ခြိမ်းခြောက်မှုများသာ ဖြစ်ကြောင်း Tibet Press က ဖော်ပြသည်။

နာမည်ပျက်ရှိနေသည့် တရုတ်၏ ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာနှင့်ပတ်သက်၍ အသေးစိတ်အကျယ်ချဲ့ ဖော်ပြရန် မလိုအပ်သကဲ့သို့ ယင်းပညာများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရရှိအောင် လုပ်ဆောင်ပေးနေခြင်းကို သတိပြုရန် အရေးကြီးသည်။

အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ်အက်ဘာဘာရှိ အာဖရိက သမဂ္ဂအဆောက်အဦအတွင်းရှိ ဗီဒီယိုမှတ်တမ်းများကို ခိုးယူသည့် ကွန်ပျူတာဆာဗာ အများအပြားအား တွေ့ရှိခဲ့ဖူးကြောင်း Tibet Press က ဖော်ပြထားသည်။

ယင်းအဆောက်အအဦအတွင်းရှိ ကွန်ပျူတာကွန်ရက်စနစ်ကို တရုတ်က ငွေထုတ်ကာ တည်ဆောက် ပေးခဲ့ခြင်းဖြစ်ပြီး အရေးကြီးသည့် အချက်အလက်များကို ရယူနိုင်သည့် လျှိူ့ဝှက်စနစ်တစ်ခုကိုလည်း တပ်ဆင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly