စစ်ကောင်စီက ကျိူက်ထီးရိုးပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးပြီးသူနှင့် အကျဉ်းကျနေသူများကိုပါ မှားယွင်း စွပ်စွဲ

စစ်ကောင်စီက ကျိူက်ထီးရိုးပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးပြီးသူနှင့် အကျဉ်းကျနေသူများကိုပါ မှားယွင်း စွပ်စွဲ

မဇ္ဈိမ ။    ။အကြမ်းဖက်စစ်ကောင်စီသည် အောက်တိုဘာလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် ကျိူက်ထီးရိုး တောင်တတ်ဂိတ်ပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သည့်တရားခံများအဖြစ် လွန်ခဲ့သည့်တစ်နှစ်ကျော်က သေဆုံးခဲ့သည့် KNU တပ်မဟာ(၁) တပ်မဟာမှူးနှင့် (၂၃) နှစ် အကျဉ်းချခံထားရသည့် မွန်ပြည်နယ်ဝန် ကြီးချုပ်ဟောင်းတို့ကိုထည့်သွင်းစွပ်စွဲထားသည်။ အဆိုပါစွပ်စွဲမှုမှာ မှားယွင်းနေသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ညက စစ်ကောင်စီ၏ လက်အောက်ခံမီဒီယာများမှတဆင့် ကျိူက်ထီးရိုး တောင်တတ်ဂိတ်ပစ်ခတ်မှုတွင် ဦးဆောင်သူသည် ယခင်မွန်ပြည်နယ်ဝန်ကြီးချူပ်၏ PSO ဖြစ်သည်ဟု ပြောဆိုထားပြီး မွန်ပြည်နယ်ဝန်ကြီးချူပ်ဟောင်း၊ လွတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်ဆောင်နှင့် ၎င်း၏ ယာဉ်မောင်း၊ KNU တပ်မဟာ ၁ တပ်မဟာမှူး စောပလေ့၊ KNU တပ်မဟာ (၁) ရင်း (၃)မှူး ဒါးနယ်ထူး တို့သည် ပါဝင်ပတ်သက်သူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီထုတ်ပြန်ချက်တွင် ကြံရာပါအဖြစ်ပါဝင်သူများသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က သေဆုံးသူ နှင့် နှစ်ရှည်အကျဉ်းချခံထားရသူတို့ ပါဝင်နေသည်။ 

မွန်ပြည်နယ် ဝန်ကြီးချူပ်ဟောင်း ဒေါက်တာအေးဇံသည် ကျိူက်ထီးရိုးတောင်တတ်ဂိတ်ပစ်ခတ်မှုတွက် ပါဝင်သူဟုစွပ်စွဲထားသော်လည်း ၎င်းမှာ စစ်ကောင်စီမှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်က ဖေဖော်ဝါရီလ တည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အဂတိအမှု ကိုးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် နှစ် နှစ်၊ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးသည်ဟုဆိုကာ ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ် သုံးနှစ် စုစုပေါင်းထောင်ဒဏ် (၂၅) နှစ်ကျခံရန် အမိန့်ချမှတ်ခံထားရသည်။
ဤအကြောင်းကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)မှ သတင်းတင်ဆက်ထားသည်။ 
သတင်းလင့် - t.ly/peLS

ထို့အတူ စစ်ကောင်စီ၏စွပ်စွဲထုတ်ပြန်ချက်တွင်ပါဝင်သည့် KNLA တပ်မဟာ(၁)တပ်မဟာမှူး ဗိုလ်မှူး ချုပ်စောပလေ့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နံနက်လေးနာရီကျော်တွင် သွေးတိုးရောဂါ ဖြင့် ဆုံးပါးခဲ့သူ ဖြစ်သည်။ 
ဤအကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တရားဝင် ဖေ့ဘုတ်ပေချ့်တွင် ဖော်ပြထား သည်။ သတင်းလင့် -  t.ly/Pwr5

ထို့ကြောင့် စစ်ကောင်စီမှ ဖော်ပြထားသကဲ့သို့ ကျိူက်ထီးရိုးတောင်တတ်ဂိတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အကျဉ်းချခံထားရသူ မွန်ပြည်နယ်ဝန်ကြီးချူပ်ဟောင်းနှင့် ကွယ်လွန်ပြီးသူ KNLA တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့တို့ ပါဝင်ပတ်သက်နေသည်ဆိုသည်မှာမဖြစ်နိုင်ဘဲ မှားယွင်း ဖော်ပြ ထားခြင်းသာဖြစ်သည်။

KNU တပ်မဟာ(၁)မှလည်း အောက်တိုဘာလ ၁၂ ရက်နေ့ ဖြစ်စဉ်သည် မိတ်ဖက်အင်အားစုများမှ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို သွားပစ်ခတ်ခဲ့သော်လည်း ဒဏ်ရာရရှိသူများသည် စစ်ကောင်စီ ရမ်းသန်းပစ်ခတ်မှုကြောင့်သာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထိုပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးကာ ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။    ။ စောဖေ

#Misinformation_Buster
#FakeNews
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required