အမေရိကန်က တရုတ်သို့တစ်ပိုင်းလျှပ်ကူးပစ္စည်း နည်းပညာတင်ပို့မှုကို ပိုမိုထိန်းချုပ်ရန်စီစဉ်

အမေရိကန်က တရုတ်သို့တစ်ပိုင်းလျှပ်ကူးပစ္စည်း နည်းပညာတင်ပို့မှုကို ပိုမိုထိန်းချုပ်ရန်စီစဉ်

အမေရိကန်အစိုးရကတရုတ်သို့တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာတင်ပို့မှုအပေါ်ပိုမို့ကန့်သတ်သည့်တားမြစ်ချက်တစ်ရပ်ကိုကြေညာခဲ့ပြီးယင်းကအမေရိကန်ကုမ္ပဏီများကတရုတ်ကုမ္ပဏီများနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်များကိုကုန်သွယ်မှုပြုလုပ်ခြင်းက'တရားမဝင်' ဖြစ်စေလိမ့်မည်ဖြစ်သည်။

အမေရိကန်အမျိုးသားအကျိုးစီးပွားကိုထိခိုက်စေသဖြင့်အမေရိကန်အစိုးရကတရုတ်တစ်ပိုင်းလျှပ်ကူးနည်းပညာကိုပိုမိုထိန်းချုပ်မှုများပြုလုပ်လာခဲ့ပြီးယင်းကြောင့်တရုတ်နည်းပညာကဏ္ဍနှင့်ဆန်းသစ်တီထွင်ရေးကဏ္ဍများကို ခေတ္တရပ်တန့်သွားစေနိုင်ကြောင်းFletcher School မှပါမောက္ခခရစ်တိုဖာမေလာကLos Angeles Times တွင်ရေးသားခဲ့သည်။

အတိတ်ကိုပြန်ကြည့်မည်ဆိုပါကဒေါ်နယ်ထရမ့်အပါအဝင်အမေရိကန်အစိုးရအဖွဲ့များကဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်သည့်Huawei ကိုကန့်သတ်ချုပ်ချယ်ရန်ကြိုးစားခဲ့သည်။ ယခုအခါသမ္မတဘိုင်ဒင်သည် တရုတ်ကွန်ပျူတာ လုပ်ငန်းတစ်ခုလုံးကိုကန့်သတ်အရေးယူနေသည်။

အချက်အလက်စင်တာများတွင်ဉာဏ်ရည်တု အက်ပလီကေးရှင်းများ လုပ်ငန်းဆောင်ရွက်ရေးအတွက်အလွန် အရေးကြီးသည်ဟုယူဆသည့်GPU ဟုခေါ်သော အဆင့်မြင့်ဂရပ်ဖစ်လုပ်ဆောင်မှုယူနစ်များ လွှဲပြောင်းခြင်းကို ယင်းတားမြစ်ချက်များက ကန့်သတ်ရန်ရည်ရွယ်သည်။

တရုတ်စစ်တပ်သို့ကွန်ပျူတာနည်းပညာစီးဆင်းမှုကိုတားဆီးရန်အမေရိကန်ကဆယ်စုနှစ်တစ်ခုခန့်ပျက်ကွက်ခဲ့ သည်။

စစ်ရေးရည်ရွယ်ချက်တစ်ခုတည်းအတွက်အသုံးပြုသည့်ဒုံးပျံများသို့မဟုတ်ရေဒါများကဲ့သို့သောနည်းပညာများကိုကန့်သတ်ရန်လွယ်ကူသည်ဟုမေလာကဆိုသည်။

အမေရိကန်သည်အဆင့်မြင့်ချစ်ပ်များကိုစီးပွားဖြစ်ကုမ္ပဏီများသို့နည်းပညာလွှဲပြောင်းခွင့်ပြုထားသော်လည်းစစ်ဘက်နှင့်အချိတ်အဆက်ရှိသောတရုတ်ကုမ္ပဏီအချို့ကိုတားမြစ်ရန်ကြိုးပမ်းခဲ့သည်။

သို့သော်ယင်းမူဝါဒကအားနည်းချက်များရှိခဲ့သဖြင့်ဘိုင်ဒင်၏အစိုးရကသက်ဆိုင်ရာတရုတ်ကုမ္ပဏီများကိုသာမကတရုတ်တစ်နိုင်ငံလုံးအပေါ်ထိန်းချုပ်မှုအသစ်များချမှတ်ခဲ့သည်။

အမေရိကန်နည်းပညာလုပ်ငန်းများသည်လည်း ကန့်သတ်ချုပ်ချယ်မှု၏ အကျိုးသက်ရောက်မှုကို ကြုံတွေ့ရမည်ဟု မေလာကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required