အိန္ဒိယနှင့် နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားရန် ဆက်သွယ်ရေးလမ်းကြောင်းများကို အပြည့်အဝ အသုံးပြုသင့်ဟု တရုတ်သံတမန်ဟောင်းပြော

အိန္ဒိယနှင့် နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားရန် ဆက်သွယ်ရေးလမ်းကြောင်းများကို အပြည့်အဝ အသုံးပြုသင့်ဟု တရုတ်သံတမန်ဟောင်းပြော

အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆန်ဝေဒေါင်က နားလည်မှုလွဲမှားခြင်းနှင့် တွက်ချက်မှု လွဲမှားခြင်းများ ကို ရှောင်ရှားရန် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား တည်ဆောက်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အပြည့်အဝအသုံးပြုရန် နှုတ်ဆက်ပွဲတွင် တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ဟာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သင့်ပါတယ်။ တရုတ်နှင့် အိန္ဒိယတို့ဟာ ဌာနအသီးသီးနဲ့ အဆင့်တိုင်းမှာ တွေ့ဆုံဆွေးနွေးရေး ယန္တရားတွေကို ထူထောင်ခဲ့ကြပါတယ်။ နားလည်မှု လွဲမှား တာတွေနဲ့ တွက်ချက်မှုလွဲမှားတာတွေကို ရှောင်ရှားဖို့ ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို အပြည့်အဝ အသုံးပြု သင့်ပြီး အပြန်အလှန်နားလည်မှုကို နက်ရှိုင်းစေသင့်ပါတယ်” ဟု ဆန်ဝေဒေါင်က ပြောကြားခဲ့သည်။

“တရုတ်နဲ့ အိန္ဒိယတို့ဟာ အရေးပါတဲ့ အိမ်နီးချင်းတွေပါ။ တရုတ်နှင့် အိန္ဒိယအတွက် ကွဲပြားမှုအချို့ရှိတာဟာ သဘာဝကျပါတယ်။ အဓိကက ကွဲပြားမှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာပါပဲ။ နှစ်နိုင်ငံရဲ့ ဘုံအကျိုး စီးပွားဟာ ကွဲပြားမှုတွေထက် ပိုကြီးမားတယ်ဆိုတာ သတိပြုသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်သည် အိန္ဒိယနိုင်ငံသားများ တရုတ်နိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သလို ရေရှည်ပညာသင်မည့် ကျောင်းသားများနှင့် စီးပွားရေး၊ အလုပ်နှင့် မိသားစု အလည်ပတ်ခရီးအတွက် ဗီဇာ လျှောက်ထားမှုကို ပြန်လည်စတင်ခဲ့သည်။ ယခုအချိန်အထိ အိန္ဒိ ယကျောင်းသားများ အတွက် ဗီဇာပေါင်း ၁၈၀၀ ကျော် ထုတ်ပေးပြီးဖြစ်သည်။

သံတမန်ဆက်ဆံရေး ထူထောင်ပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း တရုတ်-အိန္ဒိယ ဆက်ဆံရေးသည် အလုံးစုံ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားကာ အဆင့်မြင့် ကိုယ်စားလှယ်များ အပြန်အလှန် သွားရောက်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့သည် တရုတ်နှင့် အိန္ဒိယ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများအပါအဝင် အရေးကြီးသော သဘောတူညီမှုများ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required