ဝက်ဟမ်းနဲ့ပွဲမှာ အထူးလက်စွမ်းပြ ကာကွယ်မှုတွေပြသပြီးနောက် ဒီဂီယာကို တန်ဟက်ဂ် ချီးကျူး

ဝက်ဟမ်းနဲ့ပွဲမှာ အထူးလက်စွမ်းပြ ကာကွယ်မှုတွေပြသပြီးနောက် ဒီဂီယာကို တန်ဟက်ဂ် ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ဒေးဗစ်ဒီဂီယာဟာ "ကြီးကျယ်ခမ်းနား"တဲ့ ဂိုးသမားတစ်ယောက်လို့ ယုံကြည်နေပြီး စပိန်လက်ရွေးစင်ဟာ သူ့ရဲ့ ခြေနဲ့ မပေးပို့နိုင်ဘူးဆိုတဲ့ အယူအဆကို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က စပိန်မှာ သတင်းတွေ ထွက်ပေါ်ချက်အရ ဒီဂီယာဟာ လူးဝစ်အင်နရစ်ရဲ့ ကမ္ဘာ့ဖလားဆန်ခါတင် ၅၅ ဦးစာရင်းမှာ ပါဝင်ဖို့ ချန်လှပ်ခဲ့ပြီး ဒါ့ကြောင့် လာမယ့်လ ကာတာမှာ ကျင်းပပြုလုပ်မယ့် ထင်ရှားကျော်ကြားတဲ့ ပြိုင်ပွဲအတွက် ရွေးချယ်ခံရမှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

စပိန်ရဲ့ ပဏာမကမ္ဘာ့ဖလားလူစာရင်းမှာ ဂိုးသမား ၅ ယောက်တောင် ထည့်သွင်းထားပြီး အထူးသဖြင့် ပရီးမီးယားလိဂ် ဂိုးသမား ၃ ယောက်ဖြစ်တဲ့ ဘရိုက်တန်ရဲ့ ရော်ဘတ်ဆန်းချက်ဇ်၊ ဘရန့်ဖို့ဒ်ရဲ့ ဒေးဗစ်ရာယာနဲ့ ချယ်လ်ဆီးအသင်းမှာ ပုံစံကောင်းပြန်ရလာတဲ့ ကီပါတို့ပါဝင်ခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ရာသီအပါအဝင် မန်ယူ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်တိုင်ရခဲ့ဖူးတဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားအတွက် အဓိက ရှုတ်ချစရာတစ်ခုဖြစ်စေနိုင်ပါတယ်။

ဒီဂီယာရဲ့နောက်တန်းကနေ ရှေ့ကို ဘောလုံး ပို့ပေးတာဟာ လုံလောက်တယ်လို့ ခံစားမှုမျိုးမရဘူးလို့ အန်နရစ်က အရင်တုန်းက ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒေးဗစ် ဒီဂီယာက ဝက်စ်ဟမ်းကို ၁-၀ နဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အန်တိုနီရဲ့ အဝေးကန်ချက်၊ ဇူးမားရဲ့ ခေါင်းတိုက်ချက်နဲ့  ဒီကလန်ရိုက်စ်ရဲ့ ပြင်းထန်အားပါတဲ့ ကန်ချက်တွေကို အကောင်းဆုံး လက်စွမ်းတွေနဲ့ တားဆီးပေးခဲ့ပြီးနောက် တန်ဟက်ဂ်ဟာ သူ့ဂိုးသမားကို စိတ်အားထက်သန်စွာ ကာကွယ်ပေးခဲ့ပါတယ်။

"လူတိုင်းဟာ ကိုယ့်ထင်မြင်ယူဆချက်ကိုယ်စီရှိကြပေမယ့် ကျနော့်အတွက်ကတော့ ဂိုးသမားတစ်ယောက်အတွက် ပထမဆုံးအရာက ဂိုးပေါက်ကို ကာကွယ်ဖို့ဖြစ်ပြီး ဂိုးမပေးရဘူးဆိုတာ သေချာစေဖို့ပါပဲ" လို့ သူက ပြောပါတယ်။ “တကယ်တော့ သူက အံ့မခန်းလောက်စရာပါပဲ။

“ဒါပေမယ့် သူ့မှာ ခြေနဲ့ ပေးပို့နိုင်တဲ့ စွမ်းရည်တွေလည်း ရှိတယ်။ အဲဒါက ဂိုးသမားနဲ့တင်မကဘဲ ရှေ့မှာ ရှိတဲ့လူနဲ့ ဘောလုံး ဘယ်လို ပေးပို့ သယ်ယူခွင့်တွေ ပေးထားတာလဲဆိုတာပါ။ ဒီရာသီမှာ သူက တစ်ပွဲပြီးတစ်ပွဲ တိုးတက်လာတာကို မြင်ရတယ်လို့ ကျနော် ထင်ပါတယ်။

"သူလုပ်နိုင်တယ်ဆိုတာ ကျနော် ယုံကြည်တယ်။ အခုအချိန်အထိ ဒါကို ပွဲတွေက သက်သေပြခဲ့ပါတယ်။"

ဒီဂီယာဟာ ၂၀၁၉ ခုနှစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးခဲ့စဉ်က ယူနိုက်တက်ရဲ့ လစာအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ သူဟာ ကမ္ဘာ့လုပ်ခလစာအကောင်းဆုံးဂိုးသမားအဖြစ် ယူဆထားဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီစာချုပ်ဟာ နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိပေမယ့် တန်ဟက်ဂ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေရှိတယ်လို့ လက်ခံခဲ့ထားပါတယ်။

"ကမ္ဘာ့ဖလားပြီးရင် ကျနော်တို့ ဒီဂီယာကိစ္စကို စဉ်းစားရမယ်"လို့ သူက ပြောသည်။

“နောက်ကွယ်မှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကျနော်တို့မှာ ဗျူဟာတွေရှိပေမယ့် အဲဒါက ရှင်းရှင်းလင်းလင်းရှိပြီးသားပါ။ ကျနော် အကြိမ်ပေါင်းများစွာ အလေးပေးခဲ့ပြီး၊ ဒေးဗစ်အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ သူက အရမ်းကောင်းတဲ့ ဂိုးသမားပါ။

"သူ အသက် ၃၁ နှစ်ပဲ ရှိပါသေးတယ်။ သူက ကြံ့ခိုင်ပါတယ်။ သူ ဒီထက်ပိုပြီး တိုးတက်နိုင်ပါတယ်။ သူက မန်ချက်စတာယူနိုက်တက်အတွက် အထင်ကြီးလောက်စရာ ကောင်းနေပြီး အနာဂတ်မှာလည်း ဒီလို လုပ်ဆောင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly