ပါကစ္စတန် ရေဘေးက ရာသီဥတုပြောင်းလဲမှု တစ်ခုတည်းနှင့် ပတ်သက်နေခဲ့သလား

ပါကစ္စတန် ရေဘေးက ရာသီဥတုပြောင်းလဲမှု တစ်ခုတည်းနှင့် ပတ်သက်နေခဲ့သလား

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရသည် နိုင်ငံတွင် ကြုံတွေ့ခဲ့သည့် ရေကြီးမှုများနှင့်ပတ်သက်ပြီး တာဝန်ယူမှု မရှိဘဲ ခေါင်းရှောင်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုအပေါ်တွင်သာ အပြစ်ပုံချခဲ့သည်။

အမှန်တကယ်တွင် ပါကစ္စတန်အစိုးရအနေဖြင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးနိုင်ခဲ့ပါက ကပ်ဘေးကို များစွာ လျော့ပါးသက်သာစေခဲ့နိုင်သည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။

ပါကစ္စတန်အစိုးရသည် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကို အကြောင်းပြချက် ပေးခဲ့သော်လည်း ယခု ရေကြီးမှုများ၏ နောက်ကွယ်တွင် နောက်ထပ်အကြောင်းတရားများ ရှိနေသည်။

ပါကစ္စတန် အာဏာပိုင်တို့အနေဖြင့် ဆယ်စုနှစ်၏ အဆိုးဆုံးသော အရေးပေါ်ကိစ္စကို သက်သာရာရစေရန် လုပ်နိုင်ခဲ့သင့်သော်လည်း အစိုးရသည် ရေဘေးနှင့်ပတ်သက်ပြီး အချက်ပေးသံများ ပထမဆုံး ထွက်ပေါ်လာချိန်တွင် နိုင်ငံရေးပြဿနာများဖြင့်သာ အလုပ်များနေခဲ့ကြောင်း ပြည်တွင်းမီဒီယာ The Nation တွင် ရေးသားနေသည့် ကရာချိ အခြေစိုက် ဂျာနယ်လစ်တစ်ဦးက ပြောသည်။

နောက်ကြောင်း ပြန်ကြည့်မည် ဆိုပါက အဆိုပါနိုင်ငံတွင် မကြုံစဖူးသော မိုးကြီးမှုများက ဇွန်လလယ်တွင် စတင်ခဲ့သည်။ ဩဂုတ်လ ၂၅ ရက်တွင် အစိုးရက အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့သည်။ ယင်းနောက် များမကြာမီ ရုတ်တရက် ရေကြီးမှုများကြောင့် လူ့အသက်များအပေါ် စတင် သက်ရောက်ထိခိုက်လာစေခဲ့စဉ် ပါကစ္စတန် နိုင်ငံရေးပါတီများမှာမူ ၎င်းတို့၏ အများပြည်သူ ဆက်ဆံရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ပွဲများကို စတင်လုပ်ဆောင်ခဲ့ကြသည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းပင်လျှင် ပြည်သူတို့၏ အကျပ်အတည်းကို အများပြည်သူ ဆက်ဆံရေးဆိုင်ရာ ထွင်လုံးတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ခန်းသည် ငွေသန်းချီ စုဆောင်းမတည်နိုင်ရန် အနှစ်သာရမဲ့ စကားများကို ပြောခဲ့သည်။ အားလုံးက အလွန်ပင် မှုန်ဝါးနေခဲ့သည်။ ကောက်ခံရရှိခဲ့သည့် ငွေကြေးများကို သုံးစွဲမှုပိုင်းနှင့်ပတ်သက်ပြီး မည်သည့် သတင်းအချက်အလက်ကိုမှ မသိရကြောင်း The Nation က ဖော်ပြသည်။

အသစ်ကျပ်ချွတ် ငွေကြေးအများအပြားကို လှူဒါန်းမှုများမှတစ်ဆင့် ရခဲ့သလို နိုင်ငံရေးပါတီများသည် ပရဟိတအဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့များထံမှ လက်ခံရရှိခဲ့သည်။ အခြားသူများထက် ပိုပြီး ထိခိုက်ခဲ့သူ အနည်းငယ်သာ ရှိခဲ့သည်။

ပါကစ္စတန်၏ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ် (ယခင် အနောက်မြောက် နယ်စပ်ပြည်နယ်) ရှိ နောင်းရှီရာ နှင့် အနီးအနား ချာဆက်ဒါ မြို့များနှင့် ဆင်ခြေဖုံးရပ်ကွက်များသည် နိုင်ငံတွင် မကြုံစဖူးသော ရေကြီးမှုများ၏ ဒဏ်ကို ပထမဆုံး ခံခဲ့ရသည့် အဓိက နေရာများ ဖြစ်ခဲ့သည်။

ရုတ်တရက် ရေကြီးမှုများကြောင့် ယခုနှစ် နွေရာသီတွင် လူ ၇ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ အစိုးရ ကိန်းဂဏန်းများထက် ဆုံးရှုံးမှုပို များနိုင်သည်။ အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သလို ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစ ကလေးများအပါအဝင် မိသားစုများ ရေထဲ မျောပါမှုများ ရှိခဲ့သည်။ ယခု ရေကြီးမှုဖြစ်စဉ်သည် ယနေ့အချိန်အထိ ပါကစ္စတန်တွင် အဆိုးတကာ့ အဆိုးဆုံး သဘာဝဘေးဒုက္ခဆိုး ဖြစ်သည်။

ရေဘေး ဒုက္ခဆိုးကို ဖြစ်စေခဲ့သည့် အကြောင်းရင်းများအဖြစ် လူကြောင့် ဖြစ်စေသည့် ကပ်ဘေးတစ်ခု၊ ရာသီဥတု ပြောင်းလဲမှု စံပုံစံများဖြင့် ခန့်မှန်းသော တသမတ်တည်းမရှိသည့် ရာသီဥတုဆိုင်ရာ တိုးလာနေသော သက်ရောက်မှုများ၊ အလွန်အကျွံ သစ်တောပြုန်းတီးခြင်း၊ အလွန်အကျွံ မြေဆီလွှာ တိုက်စားခြင်း၊ နိုင်ငံစုံ အခြေစိုက် ကုမ္ပဏီများ အသုံးပြုသည့် စက်မှုပညာဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အခြေခံအဆောက်အအုံ ထိန်းသိမ်းမှုအပေါ် အာရုံစိုက်မှု လျော့ရဲခြင်းနှင့် အထူးသဖြင့် လူသား၏ မသိနားမလည်မှုတို့ကို ညွှန်ပြနေကြောင်း ClimateWire ၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်တွင် ထုတ်ဖော်ထားသည်ဟု The Nation က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required