နယ်စပ်မငြိမ်သက်မှုများဖြစ်နေသော်လည်း ပါကစ္စတန်အစိုးရက ပြည်တွင်း နိုင်ငံရေးပြဿနာများနှင့်သာ လုံးပန်း နေ

By  Latestly  
24 October 2022
နယ်စပ်မငြိမ်သက်မှုများဖြစ်နေသော်လည်း ပါကစ္စတန်အစိုးရက ပြည်တွင်း နိုင်ငံရေးပြဿနာများနှင့်သာ လုံးပန်း နေ

ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်တွင် ရန်လိုမှုနှင့် အကြမ်းဖက်မှုများ မြင့်တက်နေသော်လည်း ပါကစ္စတန်ဖက်ဒရယ်အစိုးရသည် ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ရင်ဆိုင်ရသည့် နိုင်ငံရေးတိုက်ပွဲများဖြင့်သာ အလုပ်များလျက် ရှိကြောင်း Times of Israel မီဒီယာက ဖော်ပြသည်။
 
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား အငြင်းပွားမှု အဖြစ်ဆုံး ကိစ္စများအနက် တစ်ခုက နှစ်နိုင်ငံအကြား နယ်စပ်အရေးကိစ္စ ဖြစ်သည်။ အဆိုပါ နယ်စပ်၊ အထူးသဖြင့် မျိုးနွယ်စုရပ်ဝန်းတွင် လုံခြုံရေး အခြေအနေ အလားအလာများက ဆက်လက် ခက်ထန်နေပြီး ပြေလည်မှု မရသေးဘဲ ဖြစ်နေကြောင်း သတင်း ဖော်ပြချက်များ ကို ကိုးကားပြီး Times of Israel မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်နှင့် အာဖဂန် တာလီဘန်တို့အကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး အခြေအနေက အထင်နှင့် အမြင် ကွဲလွဲလျက်ရှိသည်။ 

အာဖဂန်နစ္စတန်ကို ထိန်းချုပ်ပြီးနောက်ပိုင်း တာလီဘန်တို့နှင့် မဟာဗျူဟာကျ နက်နက်ရှိုင်းရှိုင်း ဆက်ဆံ နိုင်မည်ဟု ပါကစ္စတန်က မျှော်မှန်းထားခဲ့သော်လည်း လက်ရှိ အခြေအနေက ထင်သလို ဖြစ်မလာဘဲ ရှိနေသည်။

အကြမ်းဖက်မှု၏ သက်ရောက်မှုကလည်း အရပ်သားပြည်သူ အများအပြားအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေ လျက် ရှိသည်။

ဒေသတွင်း ငြိမ်းချမ်းရေးကို တောင်းဆိုသော ဆန္ဒပြပွဲများက ဆက်လက် ဖြစ်ပေါ်နေသည်။ ဆွက်တောင်ကြား ကာဘဲလ်အရပ် ဂလို ကန်ဒေါ ဧရိယာ၌ ကားတစ်စီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ငြိမ်းချမ်းရေးကော်မတီ အကြီးအကဲဟောင်း ၁ဦးနှင့် ရဲ၂ ဦး အပါအဝင် လူ ၈ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီးနောက် စက်တင်ဘာလကုန်တွင် ငြိမ်းချမ်းရေးကို လိုချင်သည် ဆိုသည့် ကြွေးကြော်သံများ ထွက်ပေါ်ထားခဲ့ကြောင်း Times of Israel မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required