လပွတ္တာ မီးလောင်သည့်ရပ်ကွက်များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

လပွတ္တာ မီးလောင်သည့်ရပ်ကွက်များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

လပွတ္တာ၊ဖေဖော်ဝါရီ ၂၉ ။             ။ လပွတ္တာမြို့တွင် မီးလောင်သည့် အမှတ် ၁၊ ၄၊ ၅ ရပ်ကွက်များတွင် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန် အတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ကြောင်း မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မီးလောင်မြေနေရာချထားရေးကော်မတီနှင့် နေအိမ်ပိုင်ရှင်များအကြားတွင်လည်းကောင်း၊မီးဘေးသင့်အိမ်ရှင်များအချင်းချင်းကြားတွင် သဘောထားများကွဲလွဲ၍ငြင်းခုန်၊ဆန်ကျင့်ကန့်ကွက်ခြင်းများ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ အဆောက်အဦးများပြင်ဆင်ဆောက်လုပ်ခြင်းများဖြစ်ပွားနေသည့်အတွက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

"အိမ်ရှင်အိမ်ဌားပြဿနာတွေကြောင့်ထုတ်ပြန်တာ စနေနေ့ညက လိုက်ကြေငြာတယ်၊အဆောက်အဦးဆောက်လုပ်တာတွေအတွက်ပက်သက်ပြီး ထုတ်ပြန်တာဖြစ်ကြောင်း မြို့ခံဦးအောင်ကျော်စိုး ပြောသည်။

ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအမံများအား ဥပဒေအရတာဝန်ပေးအပ်ထားသောအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရရှိဘဲ ဆောင်ရွက်ခြင်းသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအား ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"အိမ်ပိုင်ရှင်တွေနဲ့ကော်မတီညှိုင်းလိုမရလို့ထုတ်ပြန်တာမြို့မိမြို့ဖအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ဘယ်လိုဆောက်မယ် အိမ်မြေနေရာခွဲတမ်းချထားတာ ညှိနှိုင်းလိုမရဘူးဖြစ်နေတယ်၊ကောင်းတာ ကဥပဒေမထုတ်ပြန်ရင်အခက်အခဲတွေရှိနိုင်တယ်။" ဟု ဂဏန်းလုပ်ငန်းရှင် ဥက္ကဌဦးကျော်ဌေးက မဇ္ဈိမသို့ပြောသည်

လပွတ္တာမြို့တွင် ဖေဖော်ဝါရီ ၄ရက်နေ့ ညက အမှတ် ၁၊ ၄၊ ၅၊ ရပ်ကွက်များမှ မီးလောင်မှုကြောင့် အိမ် ၁၉၉ လုံးစုစုပေါင်းမီးဘေးသင့်ခဲ့ပြီး၊တန်ဖိုး ၃၂၇ သန်းဝန်ကျင် ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly