တရုတ်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို တိဗက်လူမျိုးများ ခံစားနေကြရ

တရုတ်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို တိဗက်လူမျိုးများ ခံစားနေကြရ

တိဗက်လူမျိုးများသည် တရုတ်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို ခံစားနေကြရသောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် တရုတ်ကို တောင်းဆိုလိုက်ကြသည်။

အီတလီနိုင်ငံ မီလန်မြို့တွင် အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ဥရောပ-တိဗက်အသိုက်အဝန်းအထွေထွေအစည်းအဝေး (ETCGM) တွင် ဥရောပ ၉ နိုင်ငံကျော်မှ တိဗက်အသိုက်အဝန်းများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များသည် တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြသည်ဟုTibet Press က ဖော်ပြသည်။ ETCGM ၏အစည်းအဝေး အစီအစဉ်တွင် တိဗက်ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်ရေး၊ တိဗက်အား ထောက်ခံအားပေးမှုကို မြှင့်တင်ရေးနှင့် တိဗက်အပေါ် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဆန့်ကျင်သည့် အသံများ ထွက်ပေါ်လာရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ၏ သိမ်းပိုက်မှုအောက်တွင် တိဗက်၏ ဆိုးရွားလှသော အခြေအနေများကြောင့် အစည်းအဝေးတက်ရောက်လာသူများသည် မီလန်နိုကြေညာစာတမ်း ဟူသော ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြကာ တက်ရောက်လာသူများက တိဗက်အတွင်း ပိုဆိုးလာသော အခြေအနေများအကြောင်း

အသိပညာများ တိုးမြှင့်သတိပေးရန်နှင့် သက်ဆိုင်ရာနိုင်ငံအတွင်း တိဗက်အတွက် စည်းရုံးလှုံ့ဆော်မှုနှင့်ထောက်ခံမှုများ အားကောင်းလာစေရန် ကတိပြုခဲ့ကြသည်။ အသက် ၄ နှစ်အရွယ်အထိပါအဝင် တိဗက်ကလေးငယ် ၁ သန်းနီးပါးခန့်သည် မိဘများနှင့် အတင်းအကျပ်ခွဲခြားခံထားရကာ အဆောင်နေကျောင်းသားအဖြစ် ပို့ဆောင်ခံရသည်။ ကလေးများကို တရုတ်ဘာသာဖြင့် သင်ကြားပေးပြီး တိဗက်ယဉ်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာတို့ကို တရုတ်ဇာတ်သွင်းရန်ရည်ရွယ်သော မျိုးချစ်ပညာရေးအောက်တွင် ပညာသင်စေသောကြောင့် ရာစုနှစ်ပေါင်းများစွာကြာပြီဖြစ်သော တိဗက်ယဉ်ကျေးမှုကို ပျက်သုဉ်းစေနိုင်သည်ဟု Tibet Pressက ဖော်ပြသည်။

အစည်းဝေးတက်ရောက်သူများက အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် တိဗက် ၁ သန်းကျော်ကို DNA အစုလိုက်အပြုံလိုက် စုဆောင်းမှုသတင်းများနှင့်ပတ်သက်၍လည်း သတိပေးခဲ့ကြသည်။ တရုတ် အရာရှိများသည် အစိုးရ၏ နည်းပညာမြင့်သုံး စောင့်ကြည့်ရေးယန္တရားတစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၆ မှ ၂၀၂၂ ခုနှစ်အတွင်း အထူးသဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးများကို ပစ်မှတ်ထားခဲ့သည်။

တရုတ်သည် အရွယ်ရောက်ပြီးသားသူများကိုသာမကာ မူကြိုကလေးအရွယ်အထိပါ ဗြောင်ကျကျလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်းTiber Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required