ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး ဆန္ဒပြတောင်းဆို

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး ဆန္ဒပြတောင်းဆို

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် လက်ကီ မာဝတ် ခရိုင်မှ ဒေသခံများသည် ဒေသတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များ ထူပြောနေမှုအပေါ် ဆန့်ကျင်လျက် စုဝေးဆန္ဒပြမှုတစ်ခုကို စီစဉ်ပြုလုပ်ခဲ့ကြသည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှုအန္တရာယ်က ပြန်လည်ပေါ်ထွက် လာနေသည်။

လက်ကီ မာဝတ်ခရိုင် အီဆက်ခဲလ် ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က မြေအငြင်းပွားမှုတစ်ခုနှင့် ပတ်သက်ပြီး အမျိုးသားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ထိုဖြစ်စဉ်တွင် ရှောကတ်တူလာ အမည်ရှိ အမျိုးသားတစ်ဦးနှင့် အကိုဖြစ်သည့် နာအီးမ်နာတူလာတို့သည် စိုက်ကွင်းများထဲတွင် အလုပ်လုပ်နေခဲ့ကြစဉ် ၎င်းတို့နှင့် စကားများ ရန်ဖြစ်ထားသူများက သေနတ်ဖြင့်

လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် နာအီးမ်နာတူလာသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

တိုက်ခိုက်မှုကို ရှာဖစ် နှင့် ဂျာဗက်ဒ် အမည်ရှိ အမျိုးသားနှစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင် ရှောကတ်တူလာက ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် လူသတ်မှု ကျူးလွန်သူများကိုလည်း အမှုဖွင့်ထားကြောင်း ရဲများက ပြောသည်။

ထိုဖြစ်စဉ်သည် အကြမ်းဖက်မှု လုပ်ရပ်တစ်ခု၏ သီးခြားဖြစ်သော ဖြစ်စဉ် မဟုတ်ပေ။ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တွင် ယခင်ကာလကြာကတည်းက ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်ထားခဲ့ပြီး အကြမ်းဖက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required