ထိုင်ဝမ်ကိုတရုတ်က ပိုမိုစောစီးစွာ သိမ်းပိုက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

ထိုင်ဝမ်ကိုတရုတ်က ပိုမိုစောစီးစွာ သိမ်းပိုက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

တရုတ်က ထိုင်ဝမ်ကို ယခင်ကခန့်မှန်းထားသည်ထက် ပိုမိုမြန်မြန်ဆန်ဆန် သိမ်းပိုက်ချင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်ထော်နီဘလင်ကင်ကအောက်တိုဘာ၁၇ရက်တွင်ပြောကြားလိုက်ပြီး သမ္မတရှီကျင့်ဖျင်က ပိုမိုရန်လိုသောဦးတည်ချက်ဖြင့် ဦးဆောင်နေကြောင်းသတိပေးလိုက်သည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကိုတတိယအကြိမ်၅နှစ်သက်တမ်းရယူဦးဆောင်ခါနီးတွင် အောက်တိုဘာ ၁၆ရက်က ကျင်းပသည့်ကွန်မြူနစ်ပါတီညီလာခံမိန့်ခွန်းတွင် ၎င်းအာဏာရယူခဲ့သည့် ၁၀နှစ်တာကာလကို ချီးကျူးဂုဏ်ပြုခဲ့ပြီး တစ်နေ့တွင် ထိုင်ဝမ်ကိုအင်အားပြည့် သိမ်းပိုက်ခြင်း သို့မဟုတ် ပြန်လည်ပေါင်းစည်းမည့် သန္နိဋ္ဌာန်ကိုထပ်မံအတည်ပြုခဲ့သည်။

“ရှီကျင့်ဖျင်ဦးဆောင်မှုအောက်တွင်မကြာသေးမီနှစ်များအတွင်းအလွန်ကွဲပြားသည့်တရုတ်နိုင်ငံတစ်ခု ပေါ်ထွက်လာသည်ကို တွေ့မြင်ခဲ့ရသည်”ဟုနိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်နှင့်အတူ တက်ရောက်သည့်စတန်းဖို့တက္ကသိုလ်ဖိုရမ်တွင်ဘလင်ကင်ကပြောကြားခဲ့သည်။

"ပြည်တွင်းမှာပိုမိုဖိနှိပ်ချုပ်ချယ်နေပြီး နိုင်ငံခြားမှာပိုရန်လိုလာနေပါတယ်။ ပြီးတော့ကျွန်တော်တို့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်တန်ဖိုးတွေကိုစိန်ခေါ်နေပါတယ်" ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက မည့်သည်အခါမှ အုပ်ချုပ်ခဲ့ဖူးခြင်းမရှိဘဲ ပိုင်ဆိုင်ကြောင်း ပြောကြားနေသည့် ကိုယ်ပိုင် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကိုချဉ်းကပ်မှု ပြောင်းလဲခြင်းဖြင့် ရှီက ဆက်ဆံရေးပိုမိုဆိုးရွားအောင်ပြုလုပ်နေသည်ဟု ဘလင်ကင်ကစွပ်စွဲခဲ့သည်။ လက်ရှိအနေအထားကိုလက်မခံနိုင်တော့ကြောင်းတရုတ်ကအခြေခံဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်ခဲ့ပြီး၊ပိုမိုမြန်ဆန်သော အချိန်ဇယားဖြင့်ပြန်လည်ပေါင်းစည်းရေးကို ဆက်လက်လုပ်ဆောင်ရန် တရုတ်က ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို မကြာမီကျူးကျော်သိမ်းပိုက်နိုင်သည်အထိ တရုတ်က စစ်အင်အားတိုးချဲ့လာနေကြောင်း အမေရိကန်အကြီးတန်းစစ်ဘက်အရာရှိများကယခင်ကသတိပေးထားသည်။

ယခင်ကထိုင်ဝမ်နှင့် "ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး" ကိုကြိုးပမ်းမည့် တရုတ်၏ရပ်တည်ချက်မှာ ပြောင်းလဲသွားခဲ့ပြီး အထူးသဖြင့်ထိုင်ဝမ်က လွတ်လပ်ရေးတရားဝင်ကြေညာပါက လိုအပ်ပါက အင်အားသုံးမည်ဟုပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required