တရုတ်က တရားမဝင် ရဲစခန်းများ ဖွင့်လှစ်ပြီးနောက် ကမ္ဘာတစ်ဝန်း ကောင်စစ်ဝန်ရုံးနှင့် တရားရုံးများ တပ်ဖြန့်ထား

တရုတ်က တရားမဝင် ရဲစခန်းများ ဖွင့်လှစ်ပြီးနောက် ကမ္ဘာတစ်ဝန်း ကောင်စစ်ဝန်ရုံးနှင့် တရားရုံးများ တပ်ဖြန့်ထား

ကမ္ဘာတစ်ဝန်းတွင် တရားမဝင် ရဲဌာနများ ဖွင့်လှစ်သဖြင့် ပြစ်တင်ရှုတ်ချခံနေရသည့် တရုတ်သည် ယခုအခါ တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်သူများအား ချေမှုန်းရန် နိုင်ငံအများအပြားတွင် ကောင်စစ်ဝန်ရုံးများနှင့် ပြည်ပအခြေစိုက် တရားရုံးများကို ဖြန့်ကြက်ဖွင့်လှစ်ထားကြောင်း စုံစမ်းစစ်ဆေးရေးသတင်းဝက်ဘ်ဆိုက် Reportikaတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ပြည်ပရောက်တရုတ်နိုင်ငံသားများကို ဩဇာလွှမ်းမိုးရန်၊ ပြည်ပနိုင်ငံရှိCCP အပေါ် ဆန့်ကျင်သူများကို ချေမှုန်းရန်နှင့် သက်ဆိုင်ရာနိုင်ငံများ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ရန် လုပ်ဆောင်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။ မန်ချက်စတာတွင် အောက်တိုဘာ ၁၆ ရက်က ဒီမိုကရေစီလိုလားသော ဟောင်ကောင်နိုင်ငံသား ဆန္ဒပြသူတစ်ဦးကို တရုတ်ကောင်စစ်ဝန်းရုံးအတွင်းသို့ ဆွဲခေါ်သွားပြီး ရိုက်နှက်သည့် ဖြစ်စဉ်ကိုလည်း ကိုးကားဖော်ပြထားသည်။ အဆိုပါသတင်းသည် ဗြိတိန်ပါလီမန်သို့ ရောက်သွားခဲ့ကာ အစိုးရက ထိုဖြစ်ရပ်သည် လွန်စွာစိုးရိမ်စရာကောင်းကြောင်း ပြောဆိုခဲ့ပြီး မန်ချက်စတာရဲတပ်ဖွဲ့က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေသည်။ ဆန္ဒပြသူများသည် တရုတ်သမ္မတရှီကျင့်ဖျင့်ကို သရော်ထားသော ပုံတူကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ် ခဲ့သည်ဟု ကောင်စစ်ဝန်ရုံးက ကာကွယ်ပြောဆိုခဲ့သည်။

ထို့ပြင် ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သော တရုတ်ကောင်စစ်ဝန်ရုံးအတွက် အပြုသဘောဆောင်သောပုံရိပ်များ ဖြန့်ရန် Twitter အကောင့်တုများကို ဖန်တီးပြီး အလွန်အကျွံတည်းဖြတ်ထားသော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို အသုံးပြုခဲ့ကြသည်ဟု Reportikaကဖော်ပြသည်။ တရုတ်ကောင်စစ်ဝန်ရုံးများနှင့် သံရုံးများသည် တခြားနိုင်ငံများတွင် ဥပဒေဝန်ဆောင်မှုဌာနများဖွင့်ရာတွင်လည်း ပါဝင်ပတ်သက်နေကြသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်ရှိနိုင်ငံအများအပြားတွင် တရားရုံးများ/ဥပဒေ ဝန်ဆောင်မှုဌာနများကို ဖွင့်လှစ်ထားသည်။

နိုင်ငံရပ်ခြားရှိ တရုတ်အဖွဲ့အစည်းများ၊ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် အဆိုပါစင်တာများကို တည်ထောင်ထားကြကာဗြိတိန်၊ စပိန်နှင့် အီတလီနိုင်ငံတို့တွင်ပင် ထိုသို့သော တရားရုံးများ ရှိသည်။

ထိုကောင်စစ်ဝန်ရုံးများနှင့် တရားရုံးများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဒေသတွင်းနိုင်ငံရေးကို လွှမ်းမိုးခြင်း၊ ကွန်မြူနစ်ဆိုင်ရာလှုပ်ရှားမှုများတွင် လူငယ်များအား ပါဝင်စေခြင်းနှင့် ရှီကျင့်ဖျင်ကို ဆန့်ကျင်သော အဝေးရောက်အတိုက်အခံများကို ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်ကြသည်ဟု ဒေသတွင်းမီဒီယာများစွာက ဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly