တရုတ်စစ်တပ်ခေတ်မီရေးဆောင်ရွက်ချက်များသည် ပြည်တွင်းရေးကိစ္စများနှင့် နယ်မြေလုံခြုံရေး တို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများ ပြောကြား

တရုတ်စစ်တပ်ခေတ်မီရေးဆောင်ရွက်ချက်များသည် ပြည်တွင်းရေးကိစ္စများနှင့် နယ်မြေလုံခြုံရေး တို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများ ပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်ကအောက်တိုဘာ၁၆ရက်တွင်အကြမ်းဖျင်းဖော်ပြလိုက်သည့်တရုတ်စစ်တပ်ခေတ်မီရေး ဆောင်ရွက်ချက်များသည်“ပြည်တွင်းရေးကိစ္စများ”နှင့်နယ်မြေလုံခြုံရေးကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

တစ်ပတ်ကြာကျင်းပသည့်တရုတ်ကွန်မြူနစ်ပါတီ (CCP) အစည်းအဝေးဖွင့်ပွဲတွင် ရှီက ကမ္ဘာ့အဆင့်မီစစ်အင်အား တည်ဆောက်ရေးကို အရှိန်မြှင့်ပြီး မဟာဗျူဟာမြောက်ဟန့်တားရေးစွမ်းရည်ကို မြှင့်တင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“စစ်ရေးသီအိုရီ၊လူပုဂ္ဂိုလ်တွေနဲ့လက်နက်တွေကိုခေတ်မီအောင်မြန်မြန်ဆန်ဆန်လုပ်ဆောင်သွားမှာပါ”ဟုရှီက၂နာရီနီးပါးကြာမိန့်ခွန်းတွင်ပြောကြားခဲ့သည်။

“ဒါကရည်မှန်းချက်ဆိုတာထက်သမိုင်းရေး၊အမျိုးသားရေးစိတ်ဓာတ်လိုပြည်တွင်းရေးအချက်တွေအပေါ်တုံ့ပြန်မှု ဖြစ်ပါတယ်”ဟုစင်ကာပူအမျိုးသားတက္ကသိုလ်၏ အရှေ့အာရှအင်စတီကျူ့မှ ဒေါက်တာလန့်ဂေါကCNA ၏ Asia Now သို့ပြောကြားခဲ့သည်။

“ကမ္ဘာ့ကြီးကိုစိုးမိုးရေးရည်မှန်းချက်တွေကြောင့်တရုတ်ကခံစစ်အနေအထားကိုဦးတည်ဆောင်ရွက်နေပါတယ်။”

တရုတ်၏ဆောင်ရွက်မှုများသည်ပါဝါအပျော့နှင့်ပါဝါအမာကိုမြှင့်တင်ရန်ကြိုးပမ်းလာခြင်းဖြစ်ကြောင်း အကြီးတန်းသုတေသီကပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်တရုတ်အပြည့်အဝပြန်လည်ပေါင်းစည်းရေးသည်အမျိုးသားပြန်လည်အင်အားကြီးမားလာရေးကိုဖော် ဆောင်ရန် မရှိမဖြစ်လိုအပ်ကြောင်း ရှီက၅နှစ်တစ်ကြိမ်ကျင်းပသည့်CCP ၏အရေးကြီးဆုံးနိုင်ငံရေးအခမ်းအနားမိန့်ခွန်းတွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required