ပါကစ္စတန် PIA လေကြောင်းလိုင်း၏ ခရီးစဉ်ပြေးဆွဲမှုအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် ဗြိတိန် ငြင်းဆန်

ပါကစ္စတန် PIA လေကြောင်းလိုင်း၏ ခရီးစဉ်ပြေးဆွဲမှုအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် ဗြိတိန် ငြင်းဆန်

ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) ၏ လေကြောင်းခရီးစဉ်များ ပြေးဆွဲပျံသန်းမှုအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးရန် ဗြိတိန်က ငြင်းဆန်လိုက်သည်။

လေယာဉ်ပျံသန်းမှုဆိုင်ရာ စိတ်ချယုံကြည်ရနိုင်မှုအတွက် လုပ်ဆောင်ထားသော အစီအမံများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အသိပေးရန် ဗြိတိန် သယ်ယူပို့ဆောင်ရေးဌာန (DfT) သည် ပါကစ္စတန်၏ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) ထံ စာရေးသားပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်ဟု ARY News က ဖော်ပြသည်။

ဗြိတိန်သည် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပါကစ္စတန်၏ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) ထံ ထုတ်ဖော်ခဲ့သလို ထိုကိစ္စနှင့် စပ်လျဉ်းပြီး စာတစ်စောင် ရေးသားပေးပို့ထားခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

ထိုစာကို CAA က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် လက်ခံရရှိခဲ့သည်။

လေယာဉ်ခရီးစဉ် ပျံသန်းမှုဆိုင်ရာ စံနှုန်းများနှင့် ဘေးကင်းမှုပိုင်းကို စိတ်ချရစေရန် CAA က လုပ်ဆောင်ထားသည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ကျေနပ်အားရမှု မရှိကြောင်း DfT က စာထဲတွင် ထုတ်ဖော်ထားပြီး ထိုကိစ္စသည် DfT ဌာနအတွက် အဓိက စိုးရိမ်ပူပန်စရာ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ကြောင်းနှင့် ပါကစ္စတန်တွင် လေကြောင်းဆိုင်ရာ ဥပဒေ ရှိနေသော်လည်း တိုးတက်မှု ကင်းမဲ့နေခြင်းကြောင့် ပိတ်ပင်ချက်ကို ရုပ်သိမ်းပေး၍ မရနိုင်ဟု DfT ဘက်က ဆုံးဖြတ်ခဲ့ကြောင်း ARY News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly