နယ်စပ်ထိန်းချုပ်မျဉ်း ပြဿနာဖြေရှင်းနိုင်မည့် စစ်ရေးဆွေးနွေးမှုများကို ပိုမိုလုပ်ဆေစစ်ရေးဆွေးနွေးမှုများကို ပိုမိုလုပ်ာင်ရန် အိန္ဒိယနှင့် တရုတ် သဘောတူညီ

နယ်စပ်ထိန်းချုပ်မျဉ်း ပြဿနာဖြေရှင်းနိုင်မည့် စစ်ရေးဆွေးနွေးမှုများကို ပိုမိုလုပ်ဆေစစ်ရေးဆွေးနွေးမှုများကို ပိုမိုလုပ်ာင်ရန် အိန္ဒိယနှင့် တရုတ် သဘောတူညီ

နှစ်နိုင်ငံအကြား နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် ကျန်ရှိနေသည့် ပြဿနာရပ်များကို ဆွေးနွေးရန် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာအဆင့်မြင့်တပ်မှူးများအကြား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရေးနှင့် ဆက်ဆံရေး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးတို့အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အောက်တိုဘာ ၁၄ ရက်တွင် သဘောတူညီခဲ့ကြသည်။

အိန္ဒိယ-တရုတ် နယ်စပ်ရေးရာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (WMCC) အစည်းအဝေးအား နှစ်နိုင်ငံ တာဝန်ရှိသူများက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ၂၅ ကြိမ်မြောက် အစည်းအဝေးအပြီးတွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးသို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပူးတွဲအတွင်းဝန် (အရှေ့အာရှ) ရှီပက်အမ်ဘူလေနှင့် တရုတ်အစိုးရ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန နယ်နမိတ်နှင့် သမုဒ္ဒရာဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူးချုပ် ဟောင်လျံတို့ ဦးဆောင်တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required