ပါကစ္စတန်နှင့် ပုံမှန်ဆက်ဆံရေးရှိလိုကြောင့် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနအရာရှိပြောကြား

ပါကစ္စတန်နှင့် ပုံမှန်ဆက်ဆံရေးရှိလိုကြောင့် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနအရာရှိပြောကြား

ပါကစ္စတန်နှင့် ရိုးရှင်း၍ အကြမ်းဖက်မှု ကင်းစင်သည့် ဆက်ဆံရေးရှိလိုကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရအရာရှိ အာရင်ဒန်ဘက်ချီက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

“ပါကစ္စတန်နဲ့ ပုံမှန်ဆက်ဆံရေး ရှိချင်တယ်ဆိုတာ ကျွန်မတို့ အမြဲတမ်းပြောနေတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ပါကစ္စတန်အနေနဲ့ ရိုးရှင်းပြီး အကြမ်းဖက်မှု ကင်းစင်တဲ့ အခြေအနေမှာရှိဖို့ လိုပါတယ်။ ဒါကိုတော့ သိပြိးသား ဖြစ်ပါလိမ့်မယ်။ အသေးစိတ်တော့ မပြောကြားလိုပါဘူး” ဟု ဝန်ကြီးဌာန၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် အာရင်ဒန်ဘက်ချီက ပြောကြားခဲ့သည်။

ပြည်နယ်၏ ပြည်ပရေးရာဝန်ကြီး မီနက်ရှီလယ်ခီက အာရှဒေသတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲ(CICA) ၌ ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ ပါကစ္စတန်အား ပြစ်တင်ရှုတ်ချမှုအပေါ် မေးမြန်းရာတွင် ဘက်ချီက သူမအနေဖြင့် ယင်းကိစ္စကို ပါဝင်ဖြေရှင်းပြီး ဖြစ်ကြောင်းနှင့် ဝန်ကြီး မီနက်ရှီလယ်ခီအနေဖြင့် ယင်းကိစ္စကို နောက်ထပ် မှတ်ချက်ပြုတော့မည်မဟုတ်ကြောင်း၊ ပါကစ္စတန်တို့က ဖြစ်ပေါ်စေသည့် အကြမ်းဖက်ဝါဒနှင့် ပတ်သက်၍ အိန္ဒိယ၏ ရပ်တည်ချက်ကို ရှင်းလင်းပြီးဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဝန်ကြီး မီနက်ရှီလယ်ခီက CICA ထပ်သီးဆွေးနွေးပွဲ၌ ပါကစ္စတန်အား ပြစ်တင်ရှုတ်ချခဲ့ပြီး ပါကစ္စတန်သည် ၎င်း၏ အမှားများကို ဝါဒဖြန့်နေသလို အိန္ဒိယနှင့် ပတ်သက်၍လည်း အမုန်းတရားဖြစ်ပေါ်အောင် လုပ်ဆောင်နေသောကြောင့် ပါကစ္စတန်အနေဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းကို ဩဝါဒပေးမနေဘဲ မိမိတို့ နိုင်ငံကိုသာ စနစ်တကျဖြစ်အောင် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly