နိုင်ငံတကာအရေးများတွင် တိဗက်အခန်းကဏ္ဍ လျော့နည်းလာဟု ကျွမ်းကျင်ပညာရှင်ပြော

နိုင်ငံတကာအရေးများတွင် တိဗက်အခန်းကဏ္ဍ လျော့နည်းလာဟု ကျွမ်းကျင်ပညာရှင်ပြော

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်နှင့် ရှင်ကျန်းအား စောင့်ကြည့်ခံအခြေအနေအဖြစ်နှင့် နိုင်ငံတစ်ဝန်းရှိ ဘာသာ အားလုံးကို တရုတ်ဇာတ်သွင်းခြင်းအတွက် စမ်းသပ်ချက်တစ်ခုအဖြစ် ပြုမူဆက်ဆံနေသည့်အပေါ် ဗြိတိန် လူ့အခွင့်အရေးလှုပ်ရှားသူ ဘန်းနက်ဒစ်ရော်ဂျာက သတိပေးလာသည်။

တိဗက်တွင် အစုလိုက်အပြုံလိုက် DNA စုဆောင်းသည့်သတင်းများထွက်ပေါ်လာပြီးနောက် ရော်ဂျာက တရုတ်သည် ထိုသို့သော ဖိနှိပ်သည့်မူဝါဒများကို ယခုအခါ တရုတ်နှင့်ဟောင်ကောင်တွင် လုပ်ဆောင်နေပုံမှာ ကျောချမ်းဖွယ်ရာဖြစ်ကြောင်း ဒေလီအခြေစိုက် သုတေသီအဖွဲ့ Tibet Rights Collectiveကိုပြောသည်။

ရော်ဂျာက “အိမ်တိုင်းကို စောင့်ကြည့်နေတဲ့ ကင်မရာတွေ ရှိပါတယ်” ဟု တိဗက်ပညာရှင် ပါမောက္ခ ဒစ်ယက်ရှ်အာနန်ကို ကိုးကား၍ ပြောသည်။

ကာလရှည်ကြာစောင့်စားခဲ့ရသော ကုလလူ့အခွင့်အရေးအကြီးအကဲ၏ တိဗက်ခရီးစဉ်အပေါ် မေးမြန်းချက်နှင့် ပတ်သက်၍ ရော်ဂျာက နိုင်ငံတကာအရေးကိစ္စတွေမှာ တိဗက်ကဏ္ဍတွေ တော်တော်လေး မပါတော့တာဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်” ဟု ဖြေကြားခဲ့သည်။

ဘုန်းတော်ကြီးဒလိုင်းလားမားနှင့် ဟောလိဝုဒ်အကျော်အမော် ရစ်ချက်ဂီယာတို့၏ လှုပ်ရှားမှုများကြောင့် တိဗက်သည် ပြည်သူများစွာ၏ စိတ်နှလုံးတွင် နှစ်ပေါင်းများစွာရှိနေခဲ့ကြောင်း ရော်ဂျာက ဆိုသည်။

“ဒါပေမယ့် ဘုန်းတော်ကြီး ဒလိုင်းလားမားက နိုင်ငံတကာခရီးစဉ်တွေ သိပ်မသွားနိုင်တော့ပါဘူး။ ဒီလိုပဲ တရုတ်ရဲ့ဖိအားကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေက ဒလိုင်းလားမားနဲ့ ထိတွေ့ဆက်ဆံရမှာကို တွန့်ဆုတ် လာတယ်။ ဟောလိဝုဒ်မှာ တရုတ်ရဲ့လွှမ်းမိုးမှုကလည်း ကြီးလာတော့ ရုပ်ရှင်အကျော်အမော်တွေက တိဗက် အရေးမှာ ပါဝင်လိုစိတ်နည်းလာကြတယ်။ ဒါကြောင့် တိဗက်က အာရုံစိုက်ခံရမှု နည်းသွားခဲ့တာပါ” ဟု ရော်ဂျာက ပြောသည်။

အထူးသဖြင့် ဖာလွန်ဂေါင်အုပ်စုများကို ပစ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါအတင်းအဓမ္မထုတ်ယူမှု၊ တိဗက်ရှိ ရက်စက်ကြမ်းကြုတ်မှုများ၊ ဝီဂါများကို လူမျိုးတုံးသတ်ဖြတ်မှု၊ ဟောင်ကောင်တွင် ဖိနှိပ်မှုနှင့် ထိုင်ဝမ်ကို ခြိမ်းခြောက်မှုကဲ့သို့သော ရက်စက်သောလုပ်ရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်အလေးထားစေလိုကြောင်း ရော်ဂျာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly