တရုတ်သမ္မတ ရှီကျင့်ဖျင်က မော်စီတုန်း၏ အဆင့်အတန်းကို ရယူရန် သို့မဟုတ် ကျော်လွန်သွားရန် ကြိုးပမ်းနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်က မော်စီတုန်း၏ အဆင့်အတန်းကို ရယူရန် သို့မဟုတ် ကျော်လွန်သွားရန် ကြိုးပမ်းနေ

ကွန်မြူနစ်ပါတီ၏အမျိုးသားကွန်ဂရက်နီးလာသည်နှင့်အမျှလွန်ခဲ့သည့် ဆယ်စုနှစ် ၆ခုက တရုတ်နိုင်ငံကို တည်ထောင်ခဲ့သူနှင့် အဓိပတိခေါင်းဆောင်ကြီးမော်စီတုံး အသုံးပြုခဲ့သော“ဥက္ကဋ္ဌကြီး”ဟူသည့်ဘွဲ့ထူးကို သမ္မတရှီကျင့်ဖျင်က ရယူမည်ဟု သတင်းများထွက်ပေါ်လာသည်။

ရှီကျင့်ဖျင်ကအာဏာများကိုစုစည်းပြီးပိုမိုကြီးမားသောအင်အားများဖြင့် တရုတ်ကို တစ်သက်လုံး အုပ်ချုပ်နိုင်သည်။

လွန်ခဲ့သည့်၉နှစ်တာကာလအတွင်းရှီ၏အာဏာရှင်ဆန်သည့်အုပ်ချုပ်မှုစနစ်ကြောင့်ဖွံ့ဖြိုးတိုးတက်မှုသည် လူနည်းစုအသိုင်းအဝိုင်းများ၊အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်တင်းကျပ်စွာစောင့်ကြည့်ခံရပြီး လွတ်လပ်စွာပြောဆိုခွင့်မရှိသည့် သာမန်ပြည်သူများအတွက် သတင်းဆိုးများသာဖြစ်ပေါ်စေခဲ့သည်။

အကန့်အသတ်မရှိသောအာဏာသည်နိုင်ငံရေးအကြမ်းဖက်မှုနှင့်မော်ခေတ်၏ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတို့ကိုပြန်လည်ဆောင်ကျဉ်းပေးနိုင်သည်။

တရုတ်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တိန့်ရှောင်ပင်သည်၁၉၈၂ခုနှစ်တွင်သမ္မတရာထူးသက်တမ်းကို၂ကြိမ်သာရယူရမည့်ကန့်သတ်ချက်ကိုပြဋ္ဌာန်းခဲ့ပြီးအာဏာရှင်အုပ်ချုပ်မှုအဆုံးသတ်စေရန်ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ခဲ့သည်။

သို့သော်ရှီကတရုတ်သမ္မတအဖြစ်တစ်သက်တာလုံးအုပ်ချုပ်ခွင့်ရရန်ဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်းအလဲများကို၂၀၁၈ခုနှစ်တွင်ပြုလုပ်ခဲ့သည်။

အောက်တိုဘာ၁၆ရက်တွင်ကျင်းပမည့် အမျိုးသားညီလာခံတွင်အသက်၆၉နှစ်အရွယ်ရှီကသမ္မတအဖြစ် တတိယအကြိမ်သက်တမ်းကိုတရားဝင်ချုပ်ကိုင်နိုင်ပြီးငြင်းချက်ထုတ်နိုင်ခွင့်မရှိ၊စိန်ခေါ်မှုမရှိသည့်အခြေအနေဖြစ်ပေါ်လာနိုင်သည်။

အသက်၆၈နှစ်အထက်ခေါင်းဆောင်များသည်အငြိမ်းစားယူရမည်ဟူသည့်တရုတ်နိုင်ငံရေးတွင်'ချီဆန်းပါရှား' ဟူသောအယူအဆကိုလည်းယင်းကအဆုံးသတ်ဖွယ်ရှိနေသည်။

ရှီသည်ခေတ်သစ်တရုတ်နိုင်ငံတွင်မော်စီတုန်းသာရရှိခဲ့သည့်အဆင့်အတန်းကိုရရှိရန်ကြိုးပမ်းနေသည်ဟုကမ္ဘာလုံးဆိုင်ရာလေ့လာစောင့်ကြည့်သူများကဆိုကြပြီး တချို့ကတည်း၎င်းသည် မော်စီတုန်းထက်သာလွန်လိုနေသည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly