ရှီကျင့်ဖျင်က ဟောင်ကောင်ကို အပြည့်အဝအထိန်းချုပ်ထားနိုင်ပြီဟု အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံ၌ပြောကြား

ရှီကျင့်ဖျင်က ဟောင်ကောင်ကို အပြည့်အဝအထိန်းချုပ်ထားနိုင်ပြီဟု အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံ၌ပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်က ဟောင်ကောင်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ပရမ်းပတာအခြေအနေမှ လွှမ်းမိုးအုပ်ချုပ်ထားနိုင်သည့်အခြေအနေသို့ ပြောင်းလဲနိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်က စတင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် ပြောကြားလိုက်သည်။

ပေကျင်းမြို့၌ ၅ နှစ်တစ်ကြိမ်ကျင်းပသည့် အမျိုးသားညီလာခံတွင် ရှီက ထိုင်ဝမ်ခွဲထွက်မှုကို တွန်းလှန်ကာ နယ်မြေစိုးမိုးမှုကို ဆန့်ကျင်နိုင်ခဲ့ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရှီက ဟောင်ကောင်ကိုဖြိုခွင်းမှုနှင့်အတူ လုံခြုံရေးအတွက် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အဓိကအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ကြောင်းပြောဆိုလျက် ထိုင်ဝမ်ပေါ် စစ်ရေးအရ ရန်ပြုမှုကို ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် ပြည်သူများနှင့် ၎င်းတို့ဘဝများကို အခြားအရာအားလုံးထက် အလေးထားကြောင်းနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဇွဲနပဲကြီးစွာ လိုက်နာခဲ့ကြောင်း ပြောဆိုလျက် ၎င်း၏ ကိုဗစ်မူဝါဒကို ကာကွယ်ခဲ့သည်။ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ ရှီသည် ၎င်း၏ရာထူးသက်တမ်းကို နောက် ၅ နှစ် သေချာပေါက် ထပ်တိုးဖွယ်ရှိကြောင်း ဒေသတွင်း ကျွမ်းကျင်သူများက ပြောကြသည်။

မကြာသေးမီ နှစ်များအတွင်း နိုင်ငံတကာရေးရာ၌ ပဋိပက္ခအများဆုံးကာလတွင် ကွန်မြူပါတီ၏ အမျိုးသား ညီလာခံကို ကျင်းပလာခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးတင်းမာမှု၊ ကမ္ဘာတစ်ဝန်းကပ်ရောအကျိုးဆက်များ ခံစားနေရချိန်နှင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တရုတ်မှာ ရုန်းကန်နေရသောကာလဖြစ်ကာမုန်တိုင်းထန်ရန် အခါအခွင့်သင့်နေသော အချိန်ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required